
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အာဆီယံညွန့်ပေါင်း ASEAN-All Stars တို့ ခြေစမ်းပွဲကို လာမယ့် မေ ၂၈ ရက်၊ မလေးရှားနိုင်ငံ ဘူကစ်ဂျာလီကွင်းမှာကျင်းပဖို့ အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF)က စီစဉ်ထားပါတယ်။
အဲဒီခြေစမ်းပွဲမှာ မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ မောင်မောင်လွင်ကို အာဆီယံ ညွန့်ပေါင်းအသင်းမှာ ပါဝင်ကစားဖို့ ရွေးချယ်လိုက်ကြောင်း AFF က အကြောင်းကြားတယ်ဆိုပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဧပြီ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။
မောင်မောင်လွင်ဟာ လက်ရှိမှာ မြန်မာ့လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြ ပါဝင်ကစားနေသလို ထိုင်း ပရီးမီးယားလိဂ်ကလပ် Lamphun Warrior FC မှာလည်း ခြေစွမ်းပြ ကစားနေတာကြောင့် အာဆီယံ ညွန့်ပေါင်းအသင်းအတွက် မြန်မာကိုယ်စားပြု ရွေးချယ်တာ ဖြစ်တယ်လို့ AFF က ထုတ်ပြန်ထားပါတယ်။