DVB Logo
Home
အားကစား
ချန်ပီယံလိဂ်တွင် ပထမဆုံးအကြိမ် ဗိုလ်စွဲရန် အာဆင်နယ် ရေပန်းစား
DVB
·
April 17, 2025
ချန်ပီယံလိဂ်တွင် ပထမဆုံးအကြိမ် ဗိုလ်စွဲရန် အာဆင်နယ် ရေပန်းစား
Donate to DVB

ရီးရဲလ်မက်ဒရစ်အသစ်ကို အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်သွားတဲ့ အာဆင်နယ်အသင်းဟာ အခုနှစ် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။

အချက်အလက်စုဆောင်းရေး ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ Opta Analyst ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းက ဆီမီးဖိုင်နယ်ရောက် ၄ သင်းထဲမှာ ချန်ပီယံဖြစ်ဖို့ ရာခိုင်နှုန်းအများဆုံး အသင်းအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။

Opta ရဲ့ စူပါကွန်ပျူတာနဲ့ လေ့လာတွက်ချက်မှုအရ အာဆင်နယ်အသင်းက ချန်ပီယံဖြစ်ဖို့ ၂၈ ဒသမ ၇ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး အင်တာမီလန်က ၂၅ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ သတ်မှတ်ခံရပါတယ်။

ပီအက်စ်ဂျီအသင်းက ချန်ပီယံဖြစ်ဖို့ ၂၄ ရာခိုင်နှုန်းနဲ့ ဘာစီလိုနာက ချန်ပီယံဖြစ်ဖို့ ၂၁ ဒသမ ၈ ရာခိုင်နှုန်း သတ်မှတ်ခံရပါတယ်။

စူပါကွန်ပျူတာရဲ့ တွက်ချက်ပုံအရ အသင်းတသင်းရဲ့ သမိုင်းအစဉ်အလာနဲ့ နောက်ဆုံးပွဲစဉ်တွေက စွမ်းဆောင်ရည်ကို အသုံးပြုပြီး ပွဲတပွဲချင်းစီရဲ့ ဖြစ်နိုင်ချေရလဒ်တွေကို တွက်ချက်ပြီး ချန်ပီယံဖြစ်ဖို့ ရာခိုင်နှုန်း သတ်မှတ်တာပါ။

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်ခဲ့တာက အမြင့်မားဆုံး အောင်မြင်မှုဖြစ်ပြီး ချန်ပီယံ တကြိမ်တခါမှ မဖြစ်ဘူးသေးတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013