DVB Logo
Home
မြန်မာသတင်း
ဖာပွန်ရှိ ကဘောတူ စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ် သိမ်းပိုက်
April 28, 2026
Photo : KNLA ၃၁ ဗျူဟာစစ်ကြောင်း
Photo : KNLA ၃၁ ဗျူဟာစစ်ကြောင်း
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၅  ဖာပွန် (မူတြော်) ခရိုင်အတွင်းက ပိတ်ဆို့ခံထားရတဲ့ စစ်အာဏာရှင်တပ်ရဲ့ ကဘောတူတပ်စခန်းကို လေကြောင်းပစ်ကူတွေ ကြားကနေ KNLA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တပ်မဟာ ၅ နယ်မြေ၊ လူသောမြို့နယ်နဲ့ တပ်မဟာ ၃ နယ်မြေ၊ ကျောက်ကြီးမြို့နယ်အစပ်မှာ ပိတ်ဆို့ခံထားရတဲ့ စစ်တပ်ရဲ့ ကဘောတူစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ဧပြီ ၂၄ ရက်က စပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာမှာ အခုတော့  သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒါကြောင့် လက်ရှိမှာ တပ်မဟာ ၅ နယ်မြေအတွင်း သိမ်းပိုက်ဖို့ ဖာပွန်ဗျူဟာ အပါအဝင် တပ်စခန်း ၇ ခုလောက်သာ ကျန်ရှိတော့တယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

“အဲဒီစခန်းက စတိုက်တည်းက  နေ့ကော ညကောပဲ စကမဘက်ကနေပြီးတော့ လေယာဉ်ပျံလာပြီးတော့ ပစ်ကူပေးတယ်။ တော်တော်လေးကို ပစ်ကူပေးတယ်။ တော်တော်လေးကို ပြင်းထန်တယ်လို့ ပြောရမယ်။ နေ့ကော ညကောပဲ ဆိုတော့။ အဲဒီစခန်းက ပိတ်ဆို့ထားတဲ့အထဲမှာ ပါတယ်။ တိုက်လို့ရရှိတာတော့ ဟုတ်တယ်။ ဒါပေမဲ့ တာဝန်ရှိတဲ့သူတွေက မထုတ်ပြန်တဲ့အပေါ်မှာ ကျနော်တို့လည်းပဲ အခြေအနေအကုန်လုံး မသိရဘူး။ ဒါပေမဲ့ စခန်းကတော့ တိုက်သိမ်းလို့ရတာတော့ အသေအချာပဲ။ အခုဆို တပ်မဟာ ၅ နယ်မြေထဲမှာ မြောက်ပိုင်းမှာ တပ်စခန်း ၄ ခုလောက် ကျန်သေးတယ်။ နောက်ပြီးတော့ အောက်ပိုင်းမှာကျတော့ ၃ ခု။ အကုန်လုံးဆို ၇ ခုလောက် ကျန်ဦးမယ်။”

စခန်းသိမ်းတိုက်ပွဲမှာ ထိခိုက်ကျဆုံးမှုတွေနဲ့ ပတ်သက်လို့ မြေပြင်တာဝန်ရှိသူတွေက အသေးစိတ်ထုတ်ပြန်တာ မရှိသေးပါဘူး။

ဖာပွန်ခရိုင်အတွင်းက တပ်စခန်းအားလုံးကို ပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့ထားဖြစ်ပြီး လက်ရှိမှာလည်း ပိတ်ဆို့ခံထားရတဲ့ တပ်စခန်းအကုန်လုံးကို စစ်တပ်က လေကြောင်းကနေ လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါး၊ လက်နက်ခဲယမ်းတွေကို ထောက်ပို့နေရတယ်လို့ တပ်မဟာ ၅ တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်က လက်နက်ခဲယမ်း အားသားချက် ရှိပေမဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအရ အနိမ့်ဆုံးမှာ ရှိနေလို့ တပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးနေရတာလို့ ကရင်စစ်ရေးလေ့လာသူတယောက်က ပြောပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ERO ဘက်က စုစည်းမှုအားကောင်းတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ အမြင့်ဆုံးမှာရှိတယ်။ ဒီ စကမနဲ့ တိုက်တဲ့ပွဲက တိုင်းရင်းသား ERO တွေနဲ့ တော်လှန်ရေးဘက်တော်သားတွေဘက်ကတော့ အားသာချက်တွေ ရှိတယ်။ စကမဘက်က လက်နက်ခဲယမ်းမီးကျောက်၊ စစ်လက်နက်ပစ္စည်း အားသာချက် ရှိပေမဲ့လို့လည်း သူတို့ရဲ့တပ်ဖွဲ့ဝင်တွေ စကမအဖွဲ့သားတွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ အနိမ့်ဆုံးမှာ ရှိနေတာ ဖြစ်တဲ့အတွက်ကြောင့် ဘယ်လိုပဲတိုက်တိုက် နည်းဗျူဟာပိုင်းအရကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ စည်းလုံးညီညွှတ်မှုပိုင်းဆိုင်ရာ သာတဲ့သူက ရေရှည်မှာ ဒါ အနိုင်ရမှာပဲလို့ ပြောချင်တယ်။” 

ဒါ့အပြင် ရွေးကောက်ပွဲ ပြီးဆုံးပြီးနောက်ပိုင်း တပ်မဟာ ၅ နယ်မြေအတွင်းက စစ်ရေးနဲ့မဆိုင်တဲ့ နေရာတွေကို စစ်တပ်က နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်နေပါတယ်။

ဒါကြောင့် မတ် ၁၀ ရက်နဲ့ ၁၁ ရက်နေ့က ဘူးသိုမြို့နယ်နဲ့ ဒွယ်လိုမြို့နယ်အတွင်းက ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ၁၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါ့အပြင် နေအိမ် ၂၂ လုံး၊ ခရစ်ယာန်ကျောင်းတကျောင်းနဲ့ ကား ၂ စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013