DVB Logo
Home
နိုင်ငံတကာ
အာဏာသိမ်းစစ်ခေါင်းဆောင် ရွေးကောက်ပွဲအနိုင်ရသည့်အပေါ် ဂါဘွန် အတိုက်အခံ မေးခွန်းထုတ်
DVB
·
April 15, 2025
အာဏာသိမ်းစစ်ခေါင်းဆောင် ရွေးကောက်ပွဲအနိုင်ရသည့်အပေါ် ဂါဘွန် အတိုက်အခံ မေးခွန်းထုတ်
Donate to DVB

ဂါဘွန်နိုင်ငံရဲ့ အဓိက အတိုက်အခံကိုယ်စားလှယ်လောင်း အာလိန်း ကလောက်ဒီ ဘီလီဘိုင် အန်ဇီ ဟာ ဒီသီတင်းပတ်ကုန် သမ္မတရွေးကောက်ပွဲမှာ သူ ရှုံးနိမ့်ခဲ့ကြောင်းကို ဧပြီ ၁၄ ရက်မှာ ဝန်ခံခဲ့ပေမဲ့ အာဏာသိမ်း စစ်အစိုးရခေါင်းဆောင် ဘရိုက်စ် အိုလီဂွီငွယ်မာ အပြတ်အသတ် အောင်ပွဲခံခဲ့တဲ့ မဲဆန္ဒ တရားမျှတမှု ရှိ၊ မရှိ  စိုးရိမ်ပူပန်မှုတွေ တိုးလာပါတယ်။

ယာယီရလဒ်တွေအရ ၂၀၂၃ ခုနှစ် အာဏာသိမ်းမှုမှာ သမ္မတ အလီဘွန်ဂိုကို ဖြုတ်ချခဲ့တဲ့ ငွယ်မာ ဟာ စနေနေ့ မဲပေးပွဲမှာ ဆန္ဒမဲတွေရဲ့ ၉၀ ဒသမ ၃၅ ရာခိုင်နှုန်း အနိုင်ရခဲ့ကြောင်း ပြသထားပြီး သူ့ကို ဗဟိုအာဖရိက ရေနံထုတ်လုပ်တဲ့ နိုင်ငံကို ဦးဆောင်ဖို့ ၇ နှစ် လုပ်ပိုင်ခွင့် ပေးအပ်လိုက်ပါတယ်။

အတိုက်အခံကိုယ်စားလှယ်လောင်း အာလိန်းကလောက်ဒီ က “ကိုယ်စားလှယ်လောင်း တယောက်စီအတွက် သတ်မှတ်ထားတဲ့ စုစုပေါင်းဆန္ဒမဲတွေကို ၉၅ ဒသမ ၁၈ ရာခိုင်နှုန်းအထိ ပေါင်းထည့်ထားတာဖြစ်ပြီး ၄ ဒသမ ၈၂ ရာခိုင်နှုန်းက စာရင်းမဝင် တာဝန်ခံမှု မရှိတာကြောင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တင်ပြထားတဲ့ ကိန်းဂဏန်းတွေရဲ့ တိကျမှုနဲ့ပတ်သက်ပြီး ဥပဒေအရ သံသယ တိုးပွားစေပါတယ်” လို့ ပြောပါတယ်။

သီတင်းပတ်အနည်းငယ်အတွင်း ဆိုးရွားတဲ့ ပြည်သူ့ဘဏ္ဍာရေးအခြေအနေနဲ့ စီးပွားရေးအကျပ်အတည်းတွေကို ကြုံတွေ့လာရတော့မှာ ဖြစ်ကြောင်းနဲ့ အာဏာပိုင်အသစ်တွေက ဂါဘွန်ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ပြည့်မီဖို့အတွက် ခွန်အားနဲ့ အရင်းအမြစ်တွေကို ရှာဖွေဖို့ လိုပါလိမ့်မယ်။

၂၀၁၆ နဲ့ ၂၀၂၃ ခုနှစ်တွေက ရွေးကောက်ပွဲတွေမှာ ဆန္ဒမဲတွေပျက်ပြားခဲ့ပြီး ဆူပူအုံကြွမှုမရှိဘဲ ရွေးကောက်ပွဲတွေ ပြီးဆုံးခဲ့တာပါ။

အသက် ၅၀ အရွယ် ငွယ်မာဟာ အငြင်းပွားဖွယ် ၂၀၂၃ ရွေးကောက်ပွဲ ရလဒ်တွေအပြီးမှာ အာဏာသိမ်းခဲ့တာဖြစ်ပြီး ရေနံကို မှီခိုအားထားရတဲ့ စီးပွားရေးကို ကွဲပြားအောင်လုပ်ဖို့နဲ့ အကျင့်ပျက် ခြစားမှုကို အဆုံးသတ်ဖို့ ကတိကဝတ်ပြုခဲ့တာ ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013