ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ထိန်းသိမ်းထားတဲ့ အွန်လိုင်းငွေလိမ်ကျားဖြန့်လုပ်ငန်းက လုပ်သားတွေအတွက် ကရင်နယ်ခြားစောင့်တပ် (BGF) က ဧပြီ ၁၅ ရက် ဒီနေ့ မြန်မာသင်္ကြန်ပွဲ ကျင်းပပေးခဲ့ပါတယ်။
ထိန်းသိမ်းခံ ကျားဖြန့်လုပ်သားတွေက မြန်မာနှစ်သစ်သင်္ကြန် ဆင်နွှဲလိုတဲ့ဆန္ဒ ရှိတာကြောင့် BGF တာဝန်ရှိသူတွေက သင်္ကြန်ရေသဘင်ပွဲ ကျင်းပပေးခဲ့တာ ဖြစ်ပြီး ပျော်ရွှင်စွာနဲ့ ရေကစားခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနှစ်သစ်ကူးအပြီးမှာ ကျားဖြန့်လုပ်သားတွေကို တယောက်မကျန် ပြန်လွှတ်ပေးသွားမှာ ဖြစ်ပြီး ကျန်ရှိနေတဲ့ ကျားဖြန့်နဲ့ သက်ဆိုင်သူတွေကိုလည်း ရှေ့ဆက်ဖမ်းဆီးပြန်ပို့သွားမယ်လို့ BGF ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ထိန်းသိမ်းခံထားရတဲ့ အာဖရိကနိုင်ငံတွေက ကျားဖြန့်လုပ်သားတွေ နေရပ်ပြန်လိုတဲ့အတွက် ထိုင်းဘက်ကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးဖို့ ကြိုးစားရာမှာ သေနတ်ပစ်ဖောက် တားဆီးခဲ့ရပါတယ်။