DVB Logo
Home
မြန်မာသတင်း
NCA အပစ်ရပ်အဖွဲ့များ၏ ဦးဆောင်အဖွဲ့ အစည်းအဝေး ကျင်းပမည်
DVB
·
April 15, 2025
NCA အပစ်ရပ်အဖွဲ့များ၏ ဦးဆောင်အဖွဲ့ အစည်းအဝေး ကျင်းပမည်
Donate to DVB

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ ပါဝင်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၇ ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့  ဦးဆောင်အဖွဲ့ အစည်းအဝေးကို ဧပြီလတတိယအပတ်ထဲမှာ ကျင်းပဖို့ရှိတယ်လို့ အဲဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ ညီလာခံမကျင်းပနိုင်သေးခင်မှာ အခုကျင်းပမယ့် ဦးဆောင်အဖွဲ့ အစည်းအဝေးဟာ ဒုတိယအမြင့်ဆုံးအစည်းအဝေးဖြစ်ပြီး အဖွဲ့အစည်းတိုင်းရဲ့ ခေါင်းဆောင်ပိုင်းတွေ တက်ရောက်မှာဖြစ်တဲ့အပြင် လက်ရှိမြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စစ်ရေးနိုင်ငံရေး အကျပ်အတည်းတွေကို သုံးသပ်ဆွေးနွေးကြမှာဖြစ်တယ်လို့ အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆိုပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးတဲ့အချိန်ကတည်းကစပြီး NCA လက်မှတ်ရေးထိုး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ ခေါင်းဆောင်ပိုင်းတွေ အားလုံးပါဝင်တဲ့ အစည်းအဝေးကို ကျင်းပနိုင်တော့ခြင်းမရှိသလို အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း အဲဒီအဖွဲ့တွေကို တစ်ဖွဲ့ချင်းစီသီးသန့်ဖိတ်ကြားပြီး ဆွေးနွေးမှုတွေကို ဆက်လုပ်ဆောင်နေတာပါ။

လက်ရှိမှာတော့ အပစ်ရပ်ထားတဲ့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ထဲကနေ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့တွေက နုတ်ထွက်ထားပါတယ်။

စစ်ကောင်စီဟာ NCA  လက်မှတ်ရေးထိုးအဖွဲ့တွေထဲက ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ  (KNU/KNLA- PC) ၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) နဲ့ ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီ (RCSS/SSA)၊ အဖွဲ့တွေကို သီးသန့်စီ ခေါ်ယူတွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေကို ဆက်လက်ဆွေးနွေးနေပါတယ်။

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013