DVB Logo
Home
အားကစား
ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ မိုဒရစ် ဆွမ်ဆီးအသင်း၏ ပူးတွဲပိုင်ရှင်ဖြစ်လာ
DVB
·
April 15, 2025
ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ မိုဒရစ် ဆွမ်ဆီးအသင်း၏ ပူးတွဲပိုင်ရှင်ဖြစ်လာ
Donate to DVB

ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ လူကာမိုဒရစ်ဟာ အင်္ဂလန်ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းရဲ့ ပူးတွဲပိုင်ရှင်တယောက် ဖြစ်လာခဲ့ပါတယ်။

ကာဒစ်စီးတီးအခြေစိုက် ဝေးလ်ကလပ် ဆွမ်ဆီးအသင်းဟာ မနှစ် နိုဝင်ဘာလက အသင်းပိုင်ရှင် အပြောင်းအလဲဖြစ်ခဲ့ပြီး  မိုဒရစ်က အသင်းပူးတွဲပိုင်ရှင် ၅ ယောက်ထဲမှာ ပါဝင်လာခဲ့တာပါ။

ဆွမ်ဆီးအသင်းက ပရိသတ်အခိုင်အမာရှိပြီး သမိုင်းအစဉ်အလာရှိတဲ့အသင်းဖြစ်လို့ ပူးတွဲပိုင်ရှင်တယောက် ဖြစ်ခွင့်ရတာက စိတ်လှုပ်ရှားစရာကောင်းကြောင်း၊ ထိပ်တန်းအဆင့်မှာ ကစားနေဆဲ ဖြစ်တာကြောင့် အတွေ့အကြုံကောင်းတွေနဲ့ အသင်းကို အားပေးကူညီသွားမှာ ဖြစ်ကြောင်း မိုဒရစ်က ပြောပါတယ်။

ဆွမ်ဆီးအသင်းဘက်ကလည်း လူကာမိုဒရစ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက အသင်းရဲ့ ရည်မှန်းချက်တွေအတွက် ဖြစ်ပြီး ကွင်းတွင်း၊ ကွင်းပြင် ဖွံ့ဖြိုးတိုးတက်မှုတွေနဲ့ ကမ္ဘာတဝန်း ပရိသတ်တွေ ပိုမိုတိုးလာဖို့ မိုဒရစ်က အဓိကနေရာကနေ ကူညီပေးသွားမယ့်သူဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013