ဗင်နီဆီးယက်စ် ထွက်ခွာသွားပါက ဟာလန်းနှင့် အစားထိုးခေါ်ယူရန် ရီးရဲလ်အသင်း ရည်မှန်း
DVB
·
April 15, 2025

ရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှူး ဗင်နီဆီးယက်စ် ထွက်ခွာချိန်မှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းနဲ့ အစားထိုးနိုင်ဖို့ စီစဉ်နေပါတယ်။
စကိုင်းစပေါ့ ဂျာမနီရဲ့ ဖော်ပြချက်အရ မက်ဒရစ်ကလပ်ဟာ ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့နိုင်ခြေရှိတဲ့ ဗင်နီရဲ့နေရာအတွက် ဟာလန်းကို ဦးစားပေးခေါ်ယူဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
ဒါပေမဲ့ မန်စီးတီးအသင်းဟာ ဟာလန်းကို ၂၀၃၄ ခုနှစ်အထိ နှစ်ရှည်စာချုပ် ချုပ်ဆိုထားတာကြောင့် ရီးရဲလ်အသင်းဘက်က ခက်ခက်ခဲခဲ ကြိုးပမ်းရနိုင်ပါတယ်။