
မန်ယူအသင်းဟာ ဆေက်သမ်တန်ဂိုးသမား အာရွန်ရမ်စ်ဒေးကို ခေါ်ယူဖို့ စီစဉ်နေပါတယ်။ အသင်းရှိ ဂိုးသမား ၂ ယောက်ရဲ့ စွမ်းဆောင်ရည်အပေါ် အားရကျေနပ်မှုမရှိ ဖြစ်နေတဲ့ မန်ယူအသင်းဟာ လာမယ့်ရာသီအတွက် ဂိုးသမားသစ်တယောက် ခေါ်ယူဖို့ စီစဉ်လာခဲ့တာပါ။
အာဆင်နယ်ဂိုးသမားဟောင်းဟာ အခုနှစ်ရာသီကမှ ဆောက်သမ်တန်အသင်းဆီ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပထမဆုံးရာသီမှာပဲ ဆောက်သမ်တန်အသင်းက ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတာပါ။
မန်ယူအသင်းဟာ ရမ်စ်ဒေးရဲ့ လက်စွမ်းကို ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာကတည်းက စောင့်ကြည့်ခဲ့ပြီး သူ့ရဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံတွေကို အသင်းရဲ့ အားနည်းနေတဲ့ ဂိုးသမားနေရာကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို ယုံကြည်နေကြောင်း The Sun သတင်းမှာ ဖော်ပြပါတယ်။