DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-ဧရာဝတီ လိုင်းကားပေါ်တွင် သင်္ကြန်ပိတ်ရက် နေရပ်ပြန်လူငယ် ၃ ဦးကို စစ်တပ်က ဖမ်းဆီး
DVB
·
April 14, 2025
ရန်ကုန်-ဧရာဝတီ လိုင်းကားပေါ်တွင် သင်္ကြန်ပိတ်ရက် နေရပ်ပြန်လူငယ် ၃ ဦးကို စစ်တပ်က ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း-ရန်ကုန် ပြေးဆွဲနေတဲ့ ကားပေါ်ကနေ နေရပ်ပြန် အရပ်သားလူငယ် ၃ ယောက်ကို စစ်ကောင်စီတပ်က PDF လို့စွပ်စွဲပြီး ဖမ်းထားတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။

ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့က ရန်ကုန်ကနေ ဧရာဝတီတိုင်းကိုပြန်လာတဲ့ လူငယ်အရပ်သား ၃ ယောက်ကို ရန်ကုန်နဲ့ ဧရာဝတီတိုင်းအစပ် ညောင်တုန်းမြို့နယ်၊ ပန်တိုင်စစ်ရေးဂိတ်မှာ ရန်ကုန်-ဧရာဝတီတိုင်း ပြေးဆွဲနေတဲ့ ကားပေါ်ကနေ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

မျက်မြင်တွေ့ရှိသူက “သင်္ကြန်ပိတ်ရက် အိမ်ပြန်လာတာကို မသင်္ကာဖြစ်ပြီး ဖမ်းခဲ့တာ။ စစ်ဆေးဖို့ လိုအပ်လို့ဆိုပြီး ဖမ်းတာ။ လူငယ်တွေက PDF မဟုတ်ကြောင်း အထောက်အထားပြတာတောင် မရဘူး ဖမ်းတာ” လို့ ပြောပါတယ်။

ရန်ကုန်-ဧရာဝတီတိုင်း ပြေးဆွဲနေတဲ့ ကားပေါ်ကနေ အဖမ်းခံရတဲ့ လူငယ် ၃ ယောက်က ရေကြည်မြို့နယ်က တယောက်နဲ့ ပုသိမ်မြို့နယ်က ၂ ယောက်ဖြစ်ပြီး အသက် ၁၉၊ ၂၂၊ ၂၇ အရွယ်တွေ ဖြစ် ပါတယ်။

ဂိတ်နဲ့နီးစပ်တဲ့ ကယ်ရီသမားတယောက်က “PDF မဟုတ်တာ သိရက်နဲ့ ဖမ်းတာ။ ငွေညှစ်ဖို့ဖြစ်လောက်မယ်။ ဘယ်ဖမ်းခေါ်သွားတယ်တော့ မသိဘူး။ ပန်တိုင်ဂိတ်က စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက တော်တော်ဆိုးတယ်” လို့ ပြောပါတယ်။

အဲဒီ ပန်တိုင်ဂိတ်မှာ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ မှတ်ပုံတင်၊ ခရီးသွားထောက်ခံစာ၊ စမတ်ကတ် စတဲ့အချက်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး ခေါင်းစဉ်အမျိုးမျိုးတပ်ကာ လူငယ်အမျိုးသားတွေကို ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ပါတဲ့ စစ်ဆေးရေးအဖွဲ့က ရန်ကုန်နဲ့ ဧရာဝတီတိုင်း အဝင်ဂိတ်ဖြစ်တဲ့ ပန်တိုင်စစ်ဆေးရေးဂိတ်မှာ သံဃာတွေနဲ့ သင်ကြီးရွယ်အိုတွေပါမကျန် ကားပေါ်ဆင်း လမ်းလျှောက်ခိုင်းပြီး စစ်ဆေးနေတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013