DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်း-ရန်ကုန် ပြေးဆွဲသည့်ကားပေါ်မှ လူငယ် ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
March 25, 2025
ဧရာဝတီတိုင်း-ရန်ကုန် ပြေးဆွဲသည့်ကားပေါ်မှ လူငယ် ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း-ရန်ကုန် ပြေးဆွဲနေတဲ့ ကားတွေပေါ်ကနေ အရပ်သား လူငယ် ၆ ယောက်ကို စစ်ကောင်စီတပ်က မသင်္ကာတာကြောင့်ဆိုကာ ဖမ်းထားတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။

ညောင်တုန်းမြို့နယ်၊ ပန်တိုင်ဂိတ်မှာ မတ် ၂၂ ရက်နဲ့ ၂၄ ရက်တွေမှာ ရန်ကုန် - ပုသိမ် ပြေးဆွဲနေတဲ့ကားပေါ်ကနေ လူငယ် ၆ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

မျက်မြင်တွေ့ရှိသူက “စစ်သားတွေက လူငယ်တွေရဲ့ မှတ်ပုံတင်ကို စစ်ဆေးပြီး ပါလာတဲ့ အထုတ်တွေကို သိမ်းဆည်းပြီး ဖမ်းလိုက်တာ။ မသင်္ကာလို့ စစ်ဆေးစရာရှိလို့ဆိုပြီး ဖမ်းတာ။ အဖမ်းခံရတဲ့ ကလေးတွေက အရပ်သားတွေပါ၊ တော်တော်ကြောက်နေတဲ့ပုံတွေပဲ” လို့ ပြောပါတယ်။

ရန်ကုန်-ဧရာဝတီတိုင်း ပြေးဆွဲနေတဲ့ ကားပေါ်ကနေ မတ် ၂၂ ရက်မှာ အသက် ၂၄ နှစ်အရွယ် တယောက်နဲ့ အသက် ၂၈ နှစ်အရွယ်တယောက်၊ မတ် ၂၄ ရက်က အသက် ၁၉၊ ၂၃၊ ၂၉ နဲ့ ၂၇ အရွယ် ၄ ယောက် အဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။

ခရီးသည်တယောက်က  “အဖမ်းခံရတဲ့ ကလေးတွေက ခရီးသွား အချက်အလက်တွေ ပြတာတောင် စကစ တပ်က ဖမ်းခဲ့တာ။ ကျမတို့ ကားရဲ့ အရှေ့ကားပေါ်ကနေ အဖမ်းခံရတာ။ ဘယ်ဖမ်းခေါ်သွားလဲတော့ မသိဘူး။ ယောကျ်ားလေးတွေဆို ခရီးမသွားရဲသလောက်ပါပဲ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ပါတဲ့ စစ်ဆေးရေးအဖွဲ့က ရန်ကုန်နဲ့ ဧရာဝတီတိုင်း အဝင်ဂိတ်ဖြစ်တဲ့ ပန်တိုင်စစ်ဆေးရေးဂိတ်မှာ သံဃာတွေနဲ့ သင်ကြီးရွယ်အိုတွေအပါအဝင် အရပ်သားတွေကို ကားပေါ်ဆင်းလမ်းလျှောက်ခိုင်းပြီး စစ်ဆေးနေတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013