DVB Logo
Home
နိုင်ငံတကာ
ထိုင်းမြောက်ပိုင်း လမ်းဖွန်းတွင် တောင်ကျချောင်းရေကြောင့် နေအိမ်များ ရေထဲမျောပါပြီး ရွာသား ၂ ဦး သေဆုံး
DVB
·
April 14, 2025
ထိုင်းမြောက်ပိုင်း လမ်းဖွန်းတွင် တောင်ကျချောင်းရေကြောင့် နေအိမ်များ ရေထဲမျောပါပြီး ရွာသား ၂ ဦး သေဆုံး
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း၊ လမ်းဖွန်းခရိုင်၊ မယ့်ထားမြို့နယ်ထဲမှာ ဧပြီ ၁၃ ရက် ညက မိုးသည်းထန်ပြီး တောင်ကျချောင်းရေတွေ ရွာထဲဝင်လာတာကြောင့် လူနေအိမ်တွေ ရေထဲမျောပါပျက်စီးသွားပြီး ရွာသား ၂  ယောက် သေဆုံးသွားတယ်လို့ Thai PBS သတင်းမှာ ဖော်ပြပါတယ်။

မနေ့ညက မိုးသည်းထန်ပြီး သန်းခေါင်ကျော် ဧပြီ ၁၄ ရက် မနက်စောစောမှာတော့ တောင်ကျရေတွေဟာ ဟွေ့လွမ့်နောက်ကျေးရွာ ရပ်ကွက် ၄ ထဲကို ဝင်ရောက်လာတယ်၊ နေအိမ်တွေရော လူတွေပါ ရေထဲမျောပါသွားတယ်၊ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာပေမဲ့ ညမှောင်နေတာရော၊ မိုးပါရွာနေတာမို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ မနက် ၃ နာရီမှာ ရပ်နားထားရတယ်၊ မနက်မိုးလင်းတော့ နေအိမ် ၈ လုံး ပျက်စီးသွားတယ်၊ တချို့အိမ်တွေဆို လုံးဝ ရေထဲမျောပါသွားတာလို့ ဆိုပါတယ်။

အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် ပျောက်ဆုံးနေတာမှာ ရှာဖွေရေးအဖွဲ့တွေက  မနက် ၇ နာရီခွဲမှာ သေဆုံးနေတဲ့ ရွာသားတယောက်ရဲ့ အလောင်းကို ရှာတွေ့တယ်၊ နောက်ထပ် အမျိုးသမီးတယောက်ရဲ့ အလောင်းကို မနက် ၉ နာရီခွဲလောက်မှာ ရွာနဲ့ ၅၀၀ မီတာအကွာမှာ ရှာဖွေတွေ့ရှိတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အလားတူ ချင်းမိုင်ခရိုင်၊ မဲ့လိမ်းမြို့နယ်ထဲမှာလည်း မနေ့ညက မိုးသည်းထန်ကာ တောင်ကျချောင်းရေတွေ စီးဆင်းလာတာကြောင့် မဲ့ပင်းမြစ်ထဲ ဖွင့်လှစ်ထားတဲ့ မုန့်ဆိုင်းဘိချ်ဇုန်ထဲက ရေပေါ်စားသောက်ဆိုင်ခန်း ၂၀ ကျော် ပျက်စီးပြီး စားပွဲခုံ ထိုင်ခုံတွေပါ ရေထဲမျောပါသွားတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းမြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ နောက်ထပ် ၂ ရက်ထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း၊ တချို့နေရာ မိုးကြိုးပစ်တာ၊ မိုးသီးကြွေကျတာတွေ ရှိနိုင်မယ်၊ အထူးသဖြင့် ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ လမ်းဖွန်း၊ လမ်းပန်း၊ ဆုခိုထိုင်းနဲ့ တာ့ခ်ခရိုင်တွေ၊ ထိုင်းအလယ်ပိုင်း စမွတ်ဆုန်ခလမ်း၊ စမွတ်စခွန်း၊ နခွန်းပထုံ၊ ဘန်ကောက်နဲ့တကွ အနီးတဝိုက် ဧရိယာတွေမှာ မိုးသည်းထန်ပြီး ရုတ်တရက် ရေကြီးရေလျှံတာတွေ သတိထားဖို့ ထိုင်းမိုးဇလဌာနက ထုတ်ပြန် သတိပေးထားပါတယ်။

Source : Thai PBS News / Chiangmai News

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013