ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်နဲ့ တော်လှန်သင်္ကြန်ကို ဧပြီ ၁၂ ရက် ဒီနေ့မနက်မှာ ဒေသခံတွေက ပြုလုပ်ခဲ့ပါတယ်။
ပြည်သူတွေကို ဗုံးကြဲ၊ မီးရှို့၊ မုဒိမ်းကျင့်သတ်ဖြတ်တဲ့ စစ်ကောင်စီကျင်းမယ့် သင်္ကြန်ပွဲတွေမှာ မပါဝင်ကြဖို့၊ ပြည်သူ အားလုံးတော်လှန်သင်္ကြန်ဆင်နွှဲကြဖို့၊ အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ချေမှုန်းဖို့ ၊ နွေဦးတော်လှန်ရေးပြီးတဲ့အထိ ပြည်သူအားလုံး စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ် ပူးပေါင်းပါဝင်ကြဖို့ ဖားကန့်ပြည်သူတွေက တိုက်တွန်းနှိုးဆော်ကာ တော်လှန်သင်္ကြန် သံချပ်တွေနဲ့ ဖျော်ဖြေခဲ့ကြတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်သွားခဲ့တဲ့ စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ခဲ့တဲ့ ပြည်သူတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်းနဲ့ ငလျင်ကြောင့် ဆုံးရှုံးထိခိုက်သွားတဲ့ပြည်သူတွေကို ဝိုင်းဝန်းကူညီကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။