DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယတွင် အချိန်ခါမဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး လူ ၁၀၀ ခန့် သေဆုံး
DVB
·
April 12, 2025
အိန္ဒိယတွင် အချိန်ခါမဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး လူ ၁၀၀ ခန့် သေဆုံး
Donate to DVB

အိန္ဒိယနဲ့ နီပေါနိုင်ငံတို့ရဲ့ နယ်မြေဒေသအစိတ်အပိုင်းတွေမှာ ချိန်ခါမဟုတ်မိုး သည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့ကတည်းက လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေ ပြောပါတယ်။ 

အိန္ဒိယမိုးလေဝသဌာန (IMD) က ဗုဒ္ဓဟူးနေ့မှာ မိုးလေဝသ အန္တရာယ်များစွာကို သတိပေးခဲ့ပြီး အများအားဖြင့် ဇွန်လမှာ စတင်လေ့ရှိတဲ့ မုတ်သုံရာသီနဲ့အတူ ဆက်စပ်နေတဲ့ မိုးသည်းထန်စွာ ရွာသွန်းမှု ရှိပေမဲ့ အနောက်ဘက်မှာ အပူလှိုင်း အခြေအနေတွေနဲ့ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းဒေသတို့မှာ မိုးကြိုးမုန်တိုင်းတွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်အတွင်း ဘီဟာပြည်နယ်မှာ မိုးရွာသွန်းမှုနဲ့ ဆက်နွှယ်တဲ့ ဖြစ်စဉ်တွေကြောင့် အနည်းဆုံး လူ ၈၂ ယောက်သေဆုံးခဲ့ကြောင်း အရှေ့ပိုင်းပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။

တချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံရဲ့ လူဦးရေအများဆုံးပြည်နယ် အူတာပရာဒက်ရှ်မှာ မိုးကြိုးပစ်ခြင်းနဲ့ မုန်တိုင်းနဲ့ ဆက်စပ်တဲ့ ဖြစ်စဉ်တွေကြောင့် လူ ၁၈ ယောက်သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

အိမ်နီးချင်း နီပေါနိုင်ငံမှာတော့ မိုးကြိုးပစ်ခြင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၈ ယောက် သေဆုံးခဲ့ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

အိန္ဒိယနိုင်ငံရဲ့ မိုးလေဝသဌာနကတော့ တနင်္လာနေ့အထိ အိန္ဒိယနိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ မိုးကြိုးမုန်တိုင်းတွေ၊ လျှပ်စီးကြောင်းတွေနဲ့ လေပြင်းတွေနဲ့အတူ မိုးပိုမိုရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။

မကြာသေးမီက နွေရာသီ ပြင်းထန်တဲ့ အပူလှိုင်းတွေ ကျရောက်ခဲ့ပြီး လူအများအပြား သေဆုံးခဲ့ကြောင်း နေ့စဉ်ထုတ် သတင်းတွေအရ သိရပါတယ်။

နိုင်ငံပိုင် မိုးလေဝသနဲ့ဇလဗေဒ ဦးစီးဌာန (IMD) က အိန္ဒိယနိုင်ငံဟာ ဧပြီလမှာ ပိုမိုပူပြင်းလာမယ်လို့ မျှော်လင့်ရပြီး နိုင်ငံအများစုက ပုံမှန်အပူချိန်ထက် ကျော်လွန်လိမ့်မယ် လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ပြောခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013