
အာဆင်နယ်ကွင်းလယ်လူ ဒက်ကလန်ရိုက်ဟာ အခမ်းနားဆုံးအင်္ဂလန်ကွင်းလယ်လူ ဖြစ်လာနိုင် ကြောင်း အင်္ဂလန်နောက်ခံလူဟောင်း ကာရေဂါက ပြောသွားပါတယ်။
အာဆင်နယ်ကွင်းလယ် ကစားသမားဟာ ရီးရဲလ်မက်ဒရစ်အသင်းဘက်ကို ဖရီးကစ်ကနေ ဦးဆောင်ဂိုး ၂ ဂိုးသွင်းယူ နိုင်ခဲ့ပြီးနောက် ဘောလုံးကျွမ်းကျင်သူတွေရဲ့ ချီးကျူးခံနေရတာပါ။
အင်္ဂလန်နဲ့ လီဗာပူးနောက်ခံလူဟောင်း ကာရေဂါကတော့ ဒက်ကလန်ရိုက်ဟာ အကောင်းဆုံးကွင်းလယ်ကစားသမားဖြစ်လာနိုင်ကြောင်း အရင်ကတည်းက ပြောခဲ့ဖူးပြီး သူ့ရဲ့ မျိုးဆက်မှာ အင်္ဂလန်ရဲ့အကောင်းဆုံးကွင်းလယ် ကစားသမားဖြစ်ကြောင်း ပြောပါတယ်။
ရိုက်ဟာ အင်္ဂလန်ဂန္ထဝင်ကွင်းလယ်လူတွေဖြစ်တဲ့ စတီဗင်ဂျရတ်၊ ဖရန့်လမ်းပတ်တို့နဲ့ မတူညီတဲ့ကစားသမားဖြစ်ပြီး သူတို့လို တိုက်စစ်ကို လိုက်ပါကစားရသူမဟုတ်ကြောင်း၊ မန်ယူဂန္ထဝင်ရွိုင်ကိန်းလို ကစားရသူဖြစ်ကြောင်း ကာရေဂါက နှိုင်းယှဉ်ချီးကျူး သွားပါတယ်။
Photo-Reuters