
အတာသင်္ကြန်မှာ မြန်မာပြည်သူတွေ အားလုံးဘေးကင်းကြစေဖို့ အမေရိကန်ပြည်သူတွေ ကိုယ်စား မြန်မာမာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင်က ဆုတောင်း စကားပြောကြားလိုက်ပါတယ်။
သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင်က“သင်္ကြန်ဟာ မြန်မာပြည်သူတွေအတွက် မျှော်လင့်ခြင်းနဲ့ အသစ်ပြန်လည် စတင်ခြင်းတွေကို ကိုယ်စားပြုတဲ့ အရေးကြီးတဲ့ အားလပ်ရက်ကာလ ဖြစ်တယ်ဆိုတာ ကျမ သိပါတယ်။ သင်္ကြန်ရေက နှစ်ဟောင်းက အဆိုးအညစ်တွေကို ဆေးကြောပေးနိုင်ပြီး နှစ်သစ်မှာ အားလုံးကို အသစ်က ပြန်စနိုင်စေပါတယ်”လို့ သံရုံးက ထုတ်ပြန်ထားတဲ့ ရုပ်သံဗီဒီယိုမှာ ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းငလျင်ကြောင့် လူ့အသက်တွေ၊ အဆောက်အအုံတွေနဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ပျက်စီးဆုံးရှုံးသွားတာကြောင့် ဒီနှစ်ဟာ ပိုပြီးတော့တောင် ခက်ခဲလှပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ မိတ်ဖက်တွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ပြန်လည်ထူထောင်ရေးမှာ အကူအညီပေးနေကာ လာမယ့်နှစ် သင်္ကြန်မှာ ပိုမို ကောင်းမွန်လာစေဖို့ ငြိမ်းချမ်းရေးအတွက် အားထုတ်ကြိုးပမ်းမှုတွေကိုလည်း ဆက်လက် ထောက်ခံအားပေးနေတယ်လို့လည်း အမေရိကန် သံရုံးအကြီးအကဲ ပြောပါတယ်။
Video: US Embassy