DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက် ပြိုကျအဆောက်အအုံမှ ဖုန်းမီးရောင်တွေ့သဖြင့် အသက်ရှင်ကျန်ရစ်သူများကို ဆက်လက်ရှာဖွေ
DVB
·
April 11, 2025
ဘန်ကောက် ပြိုကျအဆောက်အအုံမှ ဖုန်းမီးရောင်တွေ့သဖြင့် အသက်ရှင်ကျန်ရစ်သူများကို ဆက်လက်ရှာဖွေ
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ငလျင်ကြောင့် ပြိုကျပျက်စီးသွားတဲ့ ဆောက်လက်စ အထပ်မြင့်တိုက် အပျက်အစီးပုံအောက် ၃ မီတာအကွာကနေ ဆဲလ်ဖုန်းမီးရောင်ကို တွေ့လိုက်ရတယ်လို့  Khaosod ထိုင်းသတင်းမှာ ရေးပါတယ်။

အခင်းဖြစ်ပွားရာ ဇုန်-B မှာရှိတဲ့ အပျက်အစီးပုံကြီးရဲ့ ထိပ်ပိုင်းကို ဖွင့်နိုင်ဖို့ ကြိုးပမ်းနေကြပြီ ဖြစ်သလို တချို့ကလည်း အသက်ရှင်ကျန်ရစ်သူတွေ ရှာတွေ့နိုင်မယ့် မျှော်လင့်ချက် ၉၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုပါတယ်။

မတ် ၂၈ ရက် ငလျင်လှုပ်ခတ်မှုအပြီး ၂ ပတ်တိတိပြည့်ချိန်မှာ အသက်မရှိတော့တဲ့ ရုပ်အလောင်း ၄ လောင်းကို ထပ်မံတွေ့ရှိကြောင်း ဖော်ပြထားပါတယ်။

အဲဒီနောက် ကယ်ဆယ်ရေးသမားတွေက အချက်ပြဖို့ တောင်းဆိုတဲ့အခါ မီးကို အဖွင့်အပိတ် လုပ်ပြကြောင်း သိရပါတယ်။

အနီအောက်ရောင်ခြည် အပူချိန်ခြေရာခံစက်နဲ့ စစ်ဆေးကြည့်ရာမှာလည်း လူ ၂ ယောက် ခန္ဓာကိုယ်အဖြစ် ယူဆရတဲ့ပုံရိပ်တွေ ပေါ်လာတဲ့အပြင် အသက်ရှင်နေနိုင်သေးတယ်လို့ပါ ယုံကြည်ထားကြပါတယ်။

ဒါကြောင့် ကယ်ဆယ်ရေးအဖွဲ့က အသက်ရှင်နေသူတွေ ရှိနေနိုင်တဲ့ တွင်းထဲကို အောက်ဆီဂျင်ရောက်အောင် ပေးပို့ကာ ဆက်လက်ရှာဖွေနေကြဆဲ ဖြစ်ပါတယ်။

အခုလိုမျိုး ပြိုကျသွားတဲ့ စာရင်းစစ်ချုပ်ရုံး ဆောက်လက်စအဆောက်အအုံကြီးအတွက် သံထည်ရောင်းချပေးခဲ့တဲ့ တရုတ်သံမဏိထုတ်လုပ်သူ Xin KeYuan ကုမ္ပဏီကို တရားရုံးဘက်က ရှာဖွေဝရမ်းထုတ်ခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးသားထားပါတယ်။

ထိုင်းအခြေစိုက်လုပ်ငန်းဖြစ်တဲ့အလျောက် လယောင်း မြို့မှာရှိတဲ့ တရုတ်စက်ရုံတည်နေရာကို အထူးစုံစမ်းစစ်ဆေးရေး (DSI) အရာရှိတွေက ရောက်နေပြီဖြစ်ပါတယ်။

ထိုင်းစက်မှုလုပ်ငန်းဝန်ကြီးကတော့ အဲဒီစက်ရုံထုတ် သံမဏိနမူနာတွေကို ၂ ကြိမ် စစ်ဆေးပြီးနောက် စံချိန်စံညွှန်းမမီတာ တွေ့ရတဲ့အတွက် အခုလိုမျိုး လုပ်ဆောင်ရတာ ဖြစ်ကြောင်း ပို့စ်တင်ထားပါတယ်။

ဒါကြောင့် တရုတ်ကုမ္ပဏီ Xin KeYuan ရဲ့ ထုတ်ကုန်တွေကို ရောင်းချခွင့် ယာယီရပ်ဆိုင်းဖို့အတွက် တရားရုံးက အမိန့်ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ထိုင်းရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) က ဒီသံမဏိထုတ်လုပ်ရေးလုပ်ငန်းရဲ့  အထူးအခွင့်အရေး အားလုံးကိုပါ ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013