
နယူးကာဆယ်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ဝုဗ်တိုက်စစ်မှူး ကူညာကို ပေါင်သန်း ၆၀ ကျော်နဲ့ ကမ်းလှမ်းဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။
ဘရာဇီးတိုက်စစ်ကစားသမားဟာ ဝုဗ်အသင်းမှာ ခြေစွမ်းပြနေပြီး စုစုပေါင်း ၁၅ ဂိုး သွင်းယူထားတာပါ။
အက်သလက်တီကို ကစားသမားဟောင်းဟာ ၂၀၂၂-၂၀၂၃ ရာသီက ဝုဗ်အသင်းဆီ ပြောင်းရွှေ့လာသူဖြစ်ပြီး နယူးကာဆယ် အပါအဝင် ပရီးမီးယားလိဂ်ကလပ်အသင်း အများစုရဲ့ ခေါ်ယူဖို့ စိတ်ဝင်စားခြင်း ခံနေရတာပါ။
နယူးကာဆယ်အသင်းဟာ အသင်းရှိ ဘရာဇီးကစားသမား ၂ ယောက်ဖြစ်တဲ့ ဂွီမာရေ့စ်နဲ့ ဂျိုလင်တန်တို့ရဲ့ အကူအညီနဲ့ ကူညာကို ခေါ်ယူနိုင်ဖို့ ယုံကြည်ချက်ရှိနေပြီး စာချုပ်ဖျက်သိမ်းကြေးအတိုင်း ပေါင် ၆၂ သန်းခွဲပေးချေဖို့ အဆင်သင့်ရှိနေကြောင်း မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
Photo: Reuters