DVB Logo
Home
နိုင်ငံတကာ
အမေရိကန် အခွန်စည်းကြပ်မှုကြောင့် EU တင်ပို့ကုန် ယူရို ၃၈၀ ဘီလီယံဖိုး ထိခိုက်
DVB
·
April 8, 2025
အမေရိကန် အခွန်စည်းကြပ်မှုကြောင့် EU တင်ပို့ကုန် ယူရို ၃၈၀ ဘီလီယံဖိုး ထိခိုက်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြီးခဲ့တဲ့ သီတင်းပတ်က ဆုံးဖြတ်ခဲ့တဲ့ အခွန်စည်းကြပ်မှုဟာ အမေရိကန်ဆီ ဥရောပသမဂ္ဂ (EU) ကနေ တင်ပို့မှု ယူရို ၃၈၀ ဘီလီယံဖိုး (အမေရိကန်ဒေါ်လာ ၄၁၆ ဒသမ ၂၁ ဘီလီယံ) တန်ဖိုးရှိတဲ့ ကုန်သွယ်မှုကို ထိခိုက်စေခဲ့တယ်လို့ EU ကုန်သွယ်ရေး ကော်မရှင်နာမင်းကြီး မားရော့စ် ဆက်ဖ်ကိုဗစ်ချ်က ဧပြီ ၇ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

သံမဏိ၊ အလူမီနီယံ၊ မော်တော်ကားတွေနဲ့ တခြားကုန်ပစ္စည်းတွေအပေါ် ၂၀ ရာခိုင်နှုန်းအထိ အမေရိကန်သမ္မတ ထရမ့်ပ်ရဲ့ အခွန်စည်းကြပ်မှုကို EU က ကိုယ်ပိုင်အခွန်စည်းကြပ်မှုနဲ့ တုံ့ပြန်ထားပါတယ်။

ဥရောပကော်မရှင်ဟာ တန်ပြန်အရေးယူဆောင်ရွက်မယ့် စာရင်းကို လုပ်ဆောင်ခဲ့ပြီး တနင်္လာနေ့ နှောင်းပိုင်းမှာ EU အဖွဲ့ဝင်နိုင်ငံတွေဆီ ပေးပို့သွားမယ်လို့လည်း ဆက်ဖ်ကိုဗစ်ချ်က ပြောပါတယ်။

“ဧပြီလ ၁၅ ရက်နေ့မှာ ကျင့်သုံးမယ့် နောက်ဆုံးစာရင်းကို မဲပေးဖို့ ဧပြီလ ၉ ရက်နေ့ကို သတ်မှတ်ထားတယ်၊ ကုန်စည်ခွန်တွေအတွက် အကောက်ခွန်ကို အဲဒီနေ့မှာ စကောက်မယ်။”

ဥရောပသမဂ္ဂဟာ ဧပြီ ၁၅ ရက်မှာ စပြီး အမေရိကန်သွင်းကုန်တွေအပေါ် ပထမအခွန် စည်းကြပ်ကောက်ခံမှာဖြစ်ပြီး မေ ၁၅ ရက်မှာ ဒုတိယလှိုင်းကို စတင်ကောက်ခံမယ်လို့ ဆက်ဖ်ကိုဗစ်ချ်က ပြောပါတယ်။

EU စေ့စပ်ညှိနှိုင်းရေးမှူးတွေက နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ အဖြေကို ဖြစ်ပေါ်စေမယ့် စေ့စပ် ညှိနှိုင်းရေးကို မမြင်ခဲ့ကြဘူးလို့ ကော်မရှင်နာက ပြောပါတယ်။

စေ့စပ်ညှိနှိုင်းပေမဲ့ သဘောတူညီချက်တရပ် မရခဲ့ရင် အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုအပေါ် EU ရဲ့ တန်ပြန်ဆောင်ရွက်ချက်တွေက နှောင့်နှေးနေမှာ မဟုတ်ဘူးလို့ ဆက်ဖ်ကိုဗစ်ချ်က ပြောပါတယ်။

နိုင်ငံ ၂၇ နိုင်ငံ အစုအဖွဲ့ဟာ အမေရိကန် မော်တော်ကားနဲ့ အပြန်အလှန် စည်းကြပ်ခွန်တွေကို တုံ့ပြန်တဲ့အနေနဲ့ ဧပြီလကုန်မှာ ပိုကြီးတဲ့ တန်ပြန်အစီအမံတွေ ထုတ်ပေးဖို့ မျှော်လင့်ထားပါတယ်။

ကုန်စည်တွေအပေါ် စည်းကြပ်ခွန်ကောက်ခံမှု စစ်ပွဲမှာ EU ဟာ အမေရိကန်အစိုးရထက် ရည်မှန်းထားတာ နည်းပါတယ်။

EU ဆီ အမေရိကန် ကုန်စည်တင်သွင်းမှု စုစုပေါင်းဟာ ၂၀၂၄ ခုနှစ်မှာ စုစုပေါင်း ယူရို ၃၃၄ ဘီလီယံ (ဒေါ်လာ ၃၆၆ ဒသမ ၂ ဘီလီယံ) ရှိပြီး EU ကနေ ပြန်တင်ပို့ကုန်ကတော့ ယူရို ၅၃၂ ဘီလီယံ ရှိခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013