DVB Logo
Home
အားကစား
ပွဲအနည်းဆုံးဖြင့် တန်းဆင်းရသည့် အသင်းအဖြစ် ဆောက်သမ်တန် စံချိန်တင်
DVB
·
April 7, 2025
ပွဲအနည်းဆုံးဖြင့် တန်းဆင်းရသည့် အသင်းအဖြစ် ဆောက်သမ်တန် စံချိန်တင်
Donate to DVB

ဆောက်သမ်တန်အသင်းဟာ ပွဲစဉ် ၃၁ အပြီးမှာပဲ တန်းဆင်းခဲ့ရလို့ ပွဲအရေအတွက် အနည်းဆုံးနဲ့ တန်းဆင်းရတဲ့အသင်းအဖြစ် စံချိန်တင်သွားပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ် ၃၁ မှာ စပါးအသင်းကို အဝေးကွင်းမှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အဆင့် ၁၇ နေရာက ဝုဗ်နဲ့ ၂၂ မှတ်အထိ ကွာဟသွားတာကြောင့် တန်းဆင်းဖို့ သေချာသွားခဲ့တာပါ။

၃၁ ပွဲအပြီးမှာ ၂ ပွဲသာ အနိုင်ရပြီး ရမှတ် ၁၀ မှတ်သာ ရရှိခဲ့တဲ့ ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ ရလဒ်အဆိုးရွားဆုံးအသင်းတသင်းဖြစ်ခဲ့ပြီး ပေးဂိုးအများဆုံးနဲ့ ရဂိုးအနည်းဆုံး အသင်းအဖြစ်လည်း မှတ်တမ်းဝင်ပါတယ်။

ပရီးမီးယားလိဂ်မှာ မှတ်တမ်းအဆိုးရွားဆုံးအသင်းဖြစ်တဲ့ ဒါဘီကောင်တီအသင်းနဲ့ ဟတ်ဒါဖီးလ်တောင်း အသင်းတွေဟာ ပွဲစဉ် ၃၂ အပြီးမှသာ တန်းဆင်းခဲ့ရတာကြောင့် ဆောက်သမ်တန်အသင်းက ပွဲအရေအတွက်အနည်းဆုံးနဲ့ တန်းဆင်းရတဲ့အသင်းအဖြစ် စံချိန်သစ်တင်သွားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013