
စပိန်နိုင်ငံမှာ အိမ်ရာအငှားစျေးနှုန်းတွေ လျှော့ချဖို့နဲ့ လူနေမှုဘဝ ကောင်းမွန်စေဖို့ ဧပြီ ၅ ရက်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
စပိန်နိုင်ငံဟာ နိုင်ငံစီးပွားရေးရဲ့ အဓိကမောင်းနှင်အားဖြစ်တဲ့ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့၊ ဟန်ချက်ညီစေဖို့ ရုန်းကန်နေရတာပါ။
လူတွေစုပြုံလာပြီး အိမ်ပိုင်ရှင်တွေက အကျိုးအမြတ်ပိုများတဲ့ ခရီးသည်တွေကို အိမ်ငှားမှု ပိုများလာလို့ နိုင်ငံသားတွေက အိမ်ငှားခ မြင့်တက်လာတာကို မတတ်နိုင်ဘဲ ဖြစ်နေတာပါ။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံသားတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းဖို့ စပိန်အစိုးရက ရုန်းကန်နေရပါတယ်။
အိမ်ငှားရမ်းသူ စပိန်မိသားစုတွေရဲ့ ၄၀ ရာခိုင်နှုန်း နီးပါးဟာ သူတို့ဝင်ငွေရဲ့ ထက်ဝက်နီးပါးကို အိမ်ရာအတွက် မြှုပ်နှံထားကြရတယ်လို့ စပိန်ဗဟိုဘဏ်က ဆိုထားပါတယ်။
Source : Reuters