DVB Logo
Home
မြန်မာသတင်း
အပတ်စဥ် ၉ သင်တန်းဆင်း တပ်သားသစ်များကို ငလျင် ပြန်လည်ထူထောင်ရေးတွင် တာဝန်ပေး
DVB
·
April 5, 2025
အပတ်စဥ် ၉ သင်တန်းဆင်း တပ်သားသစ်များကို ငလျင် ပြန်လည်ထူထောင်ရေးတွင် တာဝန်ပေး
Donate to DVB

စစ်ကောင်စီက စစ်မှုထမ်းအပတ်စဥ် ၉ ကို မတ် ၄ ရက်က သင်တန်းဆင်းခဲ့ပြီး ငလျင်ဒဏ်သင့် တိုင်းစစ်ဌာနချုပ်က တပ်သားသစ်တွေကို ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးမှာ တာဝန်ပေးသွားမယ်လို့ ဆင့်ခေါ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ငလျင်ဘေးကြုံနေရပေမဲ့ စစ်ကောင်စီက တပ်သားစုဆောင်းတာတွေ စစ်သင်တန်းပေးတာတွေ ဆက်လုပ်နေပြီး  စစ်မှုထမ်းအပတ်စဥ် ၉ သင်တန်းဆင်းပွဲကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကလွဲပြီး ကျန်တိုင်းစစ်ဌာနချုပ် ၁၃ ခုမှာ မနေ့ကပြုလုပ်ခဲ့တာလို့ ဆင့်ခေါ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

"ငလျင်ဒဏ်သင့်တဲ့ နပတ၊ ရပခ၊ လပခ နဲ့ နမခ က သင်တန်းဆင်း တပ်သားသစ်တွေကို ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးမှာ တာဝန်ပေးသွားမှာပါ။ မပါတဲ့တိုင်းတွေက တပ်သားသစ်တွေကို ခြေလျင်၊ ခြေမြန်နဲ့ လက်ရုံးတပ်ကိုပို့မှာ။” 

ငလျင်ဒဏ်သင့်ခဲ့တဲ့ ဥတ္တသီရီမြို့နယ် မိုးစွေအခြေစိုက် တကက ၂ စစ်သင်တန်းကျောင်းက အပတ်စဥ် ၉ သင်တန်းဆင်းတပ်သားသစ်တွေကို နေပြည်တော်မှာရှိနေတဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပေါင်းပြီး ပြန်လည်ကယ်ဆယ်ရေးအတွက်တာဝန်ပေးမှာလို့ နေပြည်တော်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“နေပြည်တော်မှာ တပ်စခန်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေ ထိခိုက်တာများတယ်၊ သေကျေတာလည် များတယ်။ ဒါကြောင့် တကက ၂ က သင်တန်းဆင်းတွေကို ပြန်လည်ကယ်ဆယ်ရေးမှာ တာဝန်ပေးသွားမှာ။”

စစ်ကောင်စီက သတ်မှတ်ထားတဲ့ ငလျင်ဒဏ်သင့် တိုင်းစစ်ဌာနချုပ်တွေမှာ နေပြည်တော်တိုင်း၊ အလယ်ပိုင်းတိုင်း၊ အနောက်မြောက်တိုင်း၊ အရှေ့ပိုင်းတိုင်းနဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တွေပဲ ဖြစ်ပါတယ်။

မတ် ၂၈ ရက်က လှုတ်ခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနဲ့ ရှမ်းတောင်မှာ သေဆုံးသူ ၃၃၀၁ ယောက်၊ ဒဏ်ရာရရှိသူ ၄၇၉၂ ယောက် နဲ့ပျောက်ဆုံးသူ ၂၂၁ ယောက်ရှိတယ်လို့ စစ်ကောင်စီက မတ် ၄ ရက်မနက်က ထုတ်ပြန်ကြေညာထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁၀ ရက်က စစ်ခေါင်းဆောင်က စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ခဲ့ပြီး သင်တန်းပေးခဲ့ရာ အခုဆို အပတ်စဥ် ၁၀ အထိ ရောက်လာပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013