
ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ စပိန်လာလီဂါကလပ်အသင်းတသင်းကို ဝယ်ယူဖို့ ကြိုးပမ်း နေတယ်လို့သိရပါတယ်။
စီရော်နယ်ဒိုဟာ ကစားသမားဘဝကနေ အနားယူပြီးနောက်ပိုင်းမှာ ဘောလုံးအသင်း တသင်းရဲ့ ပိုင်ရှင်ဖြစ်လိုကြောင်း ဖွင့်ဟထားပြီး လာလီဂါကလပ်အသင်း တသင်းကိုဝယ်ယူဖို့ လုပ်ဆောင်လာခဲ့တာပါ။
စပိန်သတင်းစာ မန်ဒိုဒီပိုတီဗိုရဲ့ ဖော်ပြချက်အရ စီရော်နယ်ဒိုဟာ လာလီဂါကလပ် ဗလင်စီယာအသင်းကို ဝယ်ယူဖို့ လုပ်ဆောင်နေပြီး ရာသီကုန်မှာ တန်းမဆင်းရဘူးဆိုရင် ဝယ်ယူဖို့ ဖြစ်မြောက် အောင်ဆက်လက်လုပ်ဆောင်မယ်လို့ သိရပါတယ်။
ဗလင်စီယာအသင်းကို စင်ကာပူနိုင်ငံသား ပီတာလမ်က ပိုင်ဆိုင်ပြီး အသင်းကို ရောင်းချဖို့ အစီအစဉ်မရှိသေးကြောင်း စင်ကာပူသတင်းစာ တစောင်နဲ့အင်တာဗျူးမှာ ပြောခဲ့ဖူးပါတယ်။
ဗလင်စီယာဟာ လာလီဂါ လက်ကျန် ၉ ပွဲအလိုမှာ အဆင့် ၁၆ နေရာမှာရပ်တည်နေပြီး တန်းဆင်းရမယ့် အဆင့် ၁၈ က လီဂါနက်စ်အသင်းကို ၄ မှတ်ဖြတ်ထားပါတယ်။
Photo; Reuters