
တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးကို ရာထူးကနေ ဖြုတ်ချဖို့ တောင်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက တညီတညွတ်တည်း မဲပေးခဲ့ကြပါတယ်။
ဒီမဲပေးဆုံးဖြတ်မှုမတိုင်မီ ယွန်းကို ထောက်ခံတဲ့သူတွေနဲ့ ဆန့်ကျင်သူအဖွဲ့တွေဟာ လမ်းမပေါ်ထွက်ပြီး အဆုံးအဖြတ်ကို စောင့်ဆိုင်းမှု ပြုလုပ်ခဲ့ကြပါတယ်။
ဒီဆုံးဖြတ်ချက် ထွက်လာပြီးတဲ့နောက် ယွန်းက “ပြည်သူတွေ မျှော်လင့်သလို မနေနိုင်ခဲ့တဲ့အတွက် တကယ် စိတ်မကောင်းဖြစ်ရပါတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဒီဇင်ဘာလက စစ်အာဏာသိမ်းကြောင်း ကြေညာခဲ့မှုကြောင့် ယွန်းကို ဒီဇင်ဘာ ၁၄ ရက်မှာပဲ ရာထူးကနေ ရပ်ဆိုင်းပြီး စစ်ဆေးဖို့ လွှတ်တော်မှာ မဲခွဲခဲ့ကြပါတယ်။
လက်ရှိအချိန်မှာ ယွန်းကို သမ္မတရာထူးကနေ ထုတ်ပယ်ကြောင်း မဲပေးဆုံးဖြတ်ခဲ့ပြီးဖြစ်လို့ ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲပြုလုပ်ရမှာ ဖြစ်ပါတယ်။ ယွန်းအနေနဲ့လည်း သီးခြားစွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယား ယာယီသမ္မတ ဟန်ဒတ်ဆူးက ရွေးကောက်ပွဲကို အစီအစဉ်အတိုင်းနဲ့ ငြိမ်းချမ်းစွာ ပြုလုပ်သွားမယ်လို့ ဧပြီ ၄ ရက်က ပြောကြားထားပါတယ်။ ဝန်ကြီးချုပ် ဟန်ဟာ သမ္မတ ကျန်းသစ္စာကျိန်ဆိုပွဲ မတိုင်မီအထိ ယာယီသမ္မတအဖြစ် ဆက်ပြီး တာဝန်ယူမှာ ဖြစ်ပါတယ်။
Source : Reuters