DVB Logo
Home
အားကစား
ဘောလုံးလောက လွှမ်းမိုးမှုအရှိဆုံး လူမည်းစာရင်းတွင် စတာလင် ပါဝင်လာ
DVB
·
April 3, 2025
ဘောလုံးလောက လွှမ်းမိုးမှုအရှိဆုံး လူမည်းစာရင်းတွင် စတာလင် ပါဝင်လာ
Donate to DVB

ဗြိတိန်ဘောလုံးလောကအတွက် လွှမ်းမိုးမှုအရှိဆုံးသောလူမည်း ကစားသမားတွေစာရင်းမှာ အာဆင်နယ်အသင်းက ရာဟင်မ် စတာလင်နဲ့ အမျိုးသမီးကစားသမား လော်ရန်ဂျိမ်းစ်တို့ကို အဓိကဖော်ပြခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် လော်ရန်ဟာ ချဲလ်ဆီးအမျိုးသမီးအသင်းမှာ ရှေ့တန်း အဖြစ်ကစားနေသလို အစ်ကိုဖြစ်တဲ့ နောက်ခံလူ ရိစ်ဂျိမ်းစ်နဲ့လည်း တသင်းတည်း ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် အတွက် ရွေးချယ်ဖော်ပြခဲ့တဲ့ ကစားသမား ၅  ယောက်စာရင်းမှာ အက်စတွန်ဗီလာက တိုင်ရုန်းမင်းစ်နဲ့ တော့တင်ဟမ်က ရီချာလီဆန်အပါအဝင် QPR အမျိုးသမီးအသင်းရဲ့ ကွင်းလယ်လူ ကာရှာပတ်တိတို့ကိုပါ ထည့်သွင်းထားပါတယ်။

၂၀၀၈ ခုနှစ်ကစပြီး နှစ်စဉ် ဖော်ပြခဲ့တဲ့ အဲဒီစာရင်းဟာ ဘောလုံးအားကစားဆိုင်ရာ နယ်ပယ်အသီးသီးက လူမည်းတွေရဲ့ အားထုတ် ကြိုးပမ်းမှုကို အသိအမှတ်ပြုလိုတာ ဖြစ်ပါတယ်။

"Football Black List " အမည်ရ စာရင်းရဲ့ မန်နေဂျာ ၅ ယောက်ထဲမှာလည်း နော့တင်ဟမ်ဖောရက်စ် အသင်းနည်းပြချုပ် နူနိုစပီရီတိုဆန်တိုပါဝင်လာတာ တွေ့ရပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အဆင့် ၃  နေရာနဲ့ FA ဖလား ဆီမီးဖိုင်နယ် အဆင့်အထိရောက်အောင် စွမ်းဆောင်ပေးထားတဲ့ နူနိုအပါအဝင် U-21 အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြဖြစ်သူ အက်ရှ်လေကိုးလ်ပါ ဖော်ပြခံရပါတယ်။

အသက် ၃၀ အောက် " အလားအလာ ရှိသူတွေ " (Ones to Watch) စာရင်းနဲ့အတူ အမျိုးအစား ၈ ခုအထိခွဲပြီး ဖော်ထုတ်ဂုဏ်ပြုလေ့ရှိကြောင်း သိရပါတယ်။

အဲဒီစာရင်းကို ဘောလုံးအဖွဲ့အစည်းတွေဖြစ်ကြတဲ့ ပရီးမီးယားလိဂ်၊ PFA ၊ LMA ၊ EFL နဲ့ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးအဖွဲ့ Kick It Out တို့ရဲ့ ကျွမ်းကျင်သူတွေက ရွေးချယ်ပေးတာ ဖြစ်ပါတယ်။

Football Black List ပူးတွဲတည်ထောင်သူ လီယွန်မန်းကတော့ ဒါဟာဘောလုံးလောကမှာ လူမည်း အသိုင်းအဝန်းတွေရဲ့ မယုံနိုင်လောက်အောင် အကျိုးပြုနေတဲ့အချက်ကို အောက်မေ့စေလိုတာ ဖြစ်တယ်လို့ မှတ်ချက်ပေးသွားပါတယ်။

Source; Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013