DVB Logo
Home
အားကစား
ယခုနှစ်ဘောလုံးရာသီကဲ့သို့ ထပ်မဖြစ်ရန် အရေးကြီးဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာပြော 
DVB
·
April 2, 2025
ယခုနှစ်ဘောလုံးရာသီကဲ့သို့ ထပ်မဖြစ်ရန် အရေးကြီးဟု မန်စီးတီးနည်းပြ ဂွါဒီယိုလာပြော 
Donate to DVB

အခုနှစ်ဘောလုံးရာသီလို ကျရူံးတဲ့အဖြစ်မျိုး နောက်ထပ်မဖြစ်ဖို့ အရေးကြီးကြောင်း မန်စီးတီး နည်းပြ ပတ်ဂွါဒီယိုလာက ပြောသွားပါတယ်။

မန်စီးတီးအသင်းဟာ အခုနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေကနေ စောစောစီးစီး ထွက်ခဲ့ရသလို လိဂ်ဖလားပြိုင်ပွဲမှာလည်း စပါးကိုရူံးနိမ့်ခဲ့လို့ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

အခုနှစ်ဘောလုံးရာသီမှာ နည်းပြဘဝတလျှောက် စွမ်းဆောင်ရည် အားနည်းခဲ့တဲ့နှစ်ဖြစ်ပြီး လာမယ့်ရာသီမှာ ထပ်မဖြစ်ဖို့ အရေးကြီးကြောင်း၊ မိမိတို့အတွက် ပြိုင်ဘက်အသင်းတွေဟာ ဘယ်တုန်းကမှ အနီရောင်ကောဇောခင်းပေးမှာမဟုတ်ဘဲ ပြီးခဲ့တဲ့ ရာသီတွေကလည်း အောင်မြင်မှုအတွက် ခက်ခက်ခဲခဲကြိုးစားခဲ့ရတာ ဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။

မန်စီးတီးအနေနဲ့ အက်ဖ်အေဖလားချန်ပီယံဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်ဆိုရင် နှစ်သက်စရာ ဘောလုံးရာသီဖြစ်မှာဖြစ်ကြောင်းလည်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။

ဒါ့အပြင် ဘုန်းမောက်နဲ့ပွဲမှာ လူစားဝင်ပြီး ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့် အိုရိုင်လီကို ဆီမီးဖိုင်နယ်မှာ ပွဲထွက်ခွင့်ပေးသွားမှာဖြစ်ကြောင်း နည်းပြဂွါဒီယိုလာကကတိပေးထားပါတယ်။

အသက် ၂၀ ရှိ အင်္ဂလန်ကစားသမား အိုရိုင်လီဟာ ဘုန်းမောက်နဲ့ အက်ဖ်အေ ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ဒုတိယပိုင်းမှ လူစားဝင်ကစားခွင့်ရခဲ့ပေမဲ့ အသင်းအတွက် လိုအပ်နေတဲ့ ချေပဂိုးနဲ့ အနိုင်ဂိုး ၂ ဂိုးစလုံးကို ဂိုးဖန်တီးပေးခဲ့တာပါ။

ဘယ်နောက်ခံလူနေရာမှာကစားသွားတဲ့ အိုရိုင်လီရဲ့ ခြေစွမ်းကို မန်စီးတီးအသင်းဖော်တွေ အပါအဝင် နည်းပြကလည်း အထူးတလည်ချီးကျူးသွားခဲ့ပြီး  အိုရိုင်လီကို ဆီမီးဖိုင်နယ်မှာ ပွဲထွက် ကစားခွင့်ပေးမှာဖြစ်ကြောင်း ဂွါဒီယိုလာက ကတိပြုခဲ့တာပါ။

အိုရိုင်လီဟာ ပလိုင်းမောက်ကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာလည်း အနိုင်ဂိုး ၂ ဂိုး သွင်းယူပြီး ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013