DVB Logo
Home
အားကစား
ဘာစီလိုနာအသင်း တရားမဝင်ကစားသမား အသုံးပြုခဲ့မှု အိုဆာဆူနာအသင်း တိုင်ကြား
DVB
·
March 30, 2025
ဘာစီလိုနာအသင်း တရားမဝင်ကစားသမား အသုံးပြုခဲ့မှု အိုဆာဆူနာအသင်း တိုင်ကြား
Donate to DVB

ဘာစီလိုနာအသင်းအနေနဲ့ တရားမဝင် ကစားသမား အသုံးပြုခဲ့တယ်ဆိုပြီး အိုဆာဆူနာအသင်းက စပိန်ဘောလုံးအဖွဲ့ချုပ်ဆီ တိုင်ကြားထားပါတယ်။

ပြီးခဲ့တဲ့ကြာသာပတေးနေ့က ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာက အိုဆာဆူနာအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီး နောက်ခံလူ မာတီနက်ဇ်ကို ထည့်သွင်းအသုံးပြုခဲ့တဲ့အပေါ် အိုဆာဆူနာအသင်းက တိုင်ကြားခဲ့တာပါ။

မာတီနက်ဇ်ဟာ စပိန်လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံခဲ့ရပေမဲ့ ဒဏ်ရာအကြောင်းပြချက်နဲ့ လူစာရင်းကနေ နုတ်ထွက်ခဲ့သူပါ။

ဒါပေမဲ့ ဘာစီလိုနာအသင်းမှာတော့ ပွဲထွက်ကစားခဲ့တာက ဖီဖာရဲ့စည်းမျဉ်းကို ချိုး ဖောက်ခဲ့ တာဖြစ်ကြောင်း အူဆာဆူနာအသင်းရဲ့ တိုင်ကြားစာမှာ ပါရှိပါတယ်။

ဖီဖာရဲ့စည်းမျဉ်းအရ  ကစားသမားတယောက်ဟာ ဒဏ်ရာအကြောင်းပြပြီး နိုင်ငံအသင်းနဲ့ မပူးပေါင်းခဲ့ပါက သက်ဆိုင်ရာ FA ရဲ့ ခွင့်ပြုချက်မရဘဲ ၅ ရက်အတွင်းမှာ မိခင်ကလပ်အသင်းမှာ ပြန်ကစားခွင့်မရှိဘူးလို့ သတ်မှတ်ထားတာပါ။

မာတီနက်ဇ်ဟာ အိုဆာဆူနာနဲ့ပွဲမှာ ပွဲချိန်ပြည့်ကစားသွားခဲ့ပြီး တရားမဝင် ကစားသမားအသုံးပြုတယ်လို့ အိုဆာဆူနာအသင်းက တိုင်ကြားခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013