DVB Logo
Home
အားကစား
မန်ယူဂန္ထဝင် ဖာဒီနန်၏ သားဖြစ်သူ အင်္ဂလန်သတ္တမတန်းကလပ်ဆီ အငှားပြောင်းရွှေ့
DVB
·
March 29, 2025
မန်ယူဂန္ထဝင် ဖာဒီနန်၏ သားဖြစ်သူ အင်္ဂလန်သတ္တမတန်းကလပ်ဆီ အငှားပြောင်းရွှေ့
Donate to DVB

မန်ယူအသင်း ဂန္ထဝင်ကစားသမား ဖာဒီနန်ရဲ့ သားဖြစ်သူဟာ အင်္ဂလန် သတ္တမတန်းအဆင့်က ကလပ်အသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားပါတယ်။

အသက် ၁၈ နှစ်ရှိ ဂိုးသမား လောရန့်ဇ် ဖာဒီနန်ဟာ ဘရိုက်တန်အသင်း အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး ပွဲထွက်ခွင့်ရဖို့အတွက် အင်္ဂလန် သတ္တမတန်းလိဂ်အဆင့်က ဟာဗန့်နဲ့ ဝါတာလူဗယ် အသင်းဆီ ရာသီကုန်အထိ အငှားပြောင်းရွှေ့ခဲ့တာပါ။

ဟာဗန့်အသင်းဟာ အင်္ဂလန် တောင်ပိုင်းလိဂ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ အသင်းဖြစ်ပြီး ဘရိုက်တန်အသင်းကနေ လောရန့်ဇ်ကို အငှားခေါ်ယူနိုင်ခဲ့တဲ့အပေါ် ကျေနပ်မိကြောင်း သတင်းထုတ်ပြန်သွားပါတယ်။

ဖာဒီနန်မှာ သားသမီး ၅ ယောက်ရှိပြီး လောရန့်ဇ်က အကြီးဆုံးသားဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013