DVB Logo
Home
နိုင်ငံတကာ
ကျောင်းသားဗီဇာ ၃၀၀ ထက်မနည်း ပြန်ရုပ်သိမ်းကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော
DVB
·
March 28, 2025
ကျောင်းသားဗီဇာ ၃၀၀ ထက်မနည်း ပြန်ရုပ်သိမ်းကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြော
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တက္ကသိုလ်ကျောင်းဝင်းထဲမှာ ပါလက်စတိုင်း လိုလားသူတွေရဲ့ ဆန္ဒပြမှုတွေကို ကာကွယ်ဖို့ ပြည်ပကျောင်းသားဗီဇာ ၃၀၀ ထက်မနည်းကို ပြန်ရုပ်သိမ်းလိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ပြောပါတယ်။ 

ရူဘီအိုက ဂိုင်ယာနာကို အလည်အပတ်ရောက်စဉ် သတင်းထောက်တွေကို “ကျောင်းသားဗီဇာ ၃၀၀ ကျော် ပြန်ရုပ်သိမ်းမှာပါ။ ဒီလိုပိတ်ပင်မှုကိုလည်း နေ့တိုင်း ပြုလုပ်မှာဖြစ်ပြီး မိုက်ရူးရဲဆန်သူတဦး တွေ့တာနဲ့ ပိတ်ပင်မှုတွေ ပြုလုပ်မှာပါ” လို့ ပြောပါတယ်။

အဲဒီမှာ သတင်းထောက်တွေက ကျောင်းသားအရေအတွက် ဘယ်လောက်ကို ဗီဇာပြန်ရုပ်သိမ်းလဲဆိုတာ မေးမြန်းခဲ့ပါတယ်။

Tuft တက္ကသိုလ်မှာ တက်နေတဲ့ ပါရဂူတန်းအတွက် ပညာသင်နေတဲ့ တူရကီကျောင်းသူ တယောက်ကို လူဝင်မှုကြီးကြပ်ရေးက မျက်နှာဖုံးတွေဝတ်ဆင်ပြီး ဖမ်းဆီးခဲ့မှုကို ရူဘီအိုက ကာကွယ်ပြောဆိုခဲ့ပါတယ်။

မစ်အောတပ်ခ်ဟာ F-1 ကျောင်းသားဗီဇာနဲ့ ကလေးနဲ့ လူသားဖွံ့ဖြိုးမှုအစီအစဉ်မှာ ပါရဂူဘွဲ့ သင်ကြားနေတဲ့သူပါ။

“ခင်ဗျားက ကျောင်းသားဗီဇာလျှောက်ပြီး အမေရိကန်မှာ ပညာသင်ကြားမယ်ဆိုပါစို့၊ ခင်ဗျားတို့ကတော့ ပညာသင်ဖို့ တခုတည်းမဟုတ်ဘဲ တက္ကသိုလ်ရဲ့ ပညာသင်မှုကို ဖျက်ဆီးတဲ့ လှုပ်ရှားမှု၊ ကျောင်းသားတွေကို နှောင့်ယှက်မှု၊ ပရမ်းပတာဖြစ်မှုတွေကြောင့် ကျနော်တို့ ဗီဇာမပေးပါဘူး” လို့ ရူဘီအိုက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ကျောင်းသူ မစ်အောတပ်ခ်ရဲ့ ရှေ့နေကတော့ ဒီလိုမျိုးဖမ်းဆီးတာ တရားမဝင်ကြောင်း ပြောထားပါတယ်။

မစ်အောတပ်ခ်ဟာ ပါလက်စတိုင်းတွေ လူမျိုးတုံးသတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး ဆန့်ကျင်မှုတွေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

ရူဘီအို ကတော့ မစ်အောတပ်ခ်ကို ဘာအမှုနဲ့ စွဲဆိုထားလဲဆိုတာတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။

အမေရိကန်မှာ ပညာသင်နေတဲ့ နိုင်ငံတကာ ကျောင်းသူတယောက်ဟာ ပါလက်စတိုင်းတွေကို ထောက်ခံတာကြောင့် ဖမ်းဆီးခဲ့ရမှုဖြစ်ပါတယ်။

ထရမ့်ပ်ကတော့ သူတို့ဟာ နိုင်ငံသားမဟုတ်တဲ့သူတွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားအက်ဥပ‌ဒေကို အသုံးပြုပြီး အမေရိကန်ရဲ့ နိုင်ငံခြားပေါ်လစီနဲ့ အမျိုးသားလုံခြုံရေးကို ပဋိပက္ခဖြစ်အောင် ပြုလုပ်သူတွေကို နေရပ်ပြန်ပို့မယ်လို့ တရားဝင်ပြောထားပါတယ်။

ရူဘီအို ကလည်း “အမေရိကန်က ကျောင်းသားဗီဇာတွေပေးတာက ဘွဲ့ရရှိအောင်ပါ။ ကျနော်တို့ရဲ့ ကျောင်းဝင်းထဲမှာ လူ့အခွင့်အရေးလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ မဟုတ်ပါဘူး။ ခင်ဗျားက လိမ်ပြီး ဗီဇာရ၊  ဒီလို အပြုအမူမျိုး တကြိမ်တွေ့တာနဲ့ ကျနော်တို့က ဗီဇာပြန်ရုပ်သိမ်းမှာပါ” လို့ ကြာသပတေးနေ့က ပြောပါတယ်‌။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013