DVB Logo
Home
နိုင်ငံတကာ
တရားရေးအကာအကွယ်ဆုံးရှုံးမှု တိုက်ဖျက်ရန် ဂျပန်ညီညွတ်ရေးအသင်းတော် ကတိပြု
DVB
·
March 28, 2025
တရားရေးအကာအကွယ်ဆုံးရှုံးမှု တိုက်ဖျက်ရန် ဂျပန်ညီညွတ်ရေးအသင်းတော် ကတိပြု
Donate to DVB

ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ဆက်နွှယ်ပတ်သက်မှုတွေ၊ ရန်ပုံငွေရရေး လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တဲ့ အရှုပ်တော်ပုံ နောက်ပိုင်းမှာ  တရားဝင် အကာအကွယ်ပေးမှုကို ရုပ်သိမ်းတဲ့ တရားရုံးအမိန့်ကို တွန်းလှန်သွားမယ်လို့ စည်းလုံးညီညွတ်ရေးအသင်းတော်၊ ဂျပန်ဌာနခွဲရဲ့ အကြီးအကဲက မတ် ၂၇ ရက်မှာ ကတိပြုခဲ့ပါတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပေါင်းစည်းရေး မိသားစုအဖွဲ့ချုပ်လို့ လူသိများတဲ့ မိသားစု ဖက်ဒရေးရှင်း အဖွဲ့ရဲ့ ဥက္ကဋ္ဌ တိုမိဟိရို တာနာကာက သူတို့နဲ့ဆန့်ကျင်တဲ့ နစ်နာမှုအားလုံးကို ပြေလည်အောင် ဖြေရှင်းပြီးပြီဖြစ်ပြီး တရားရုံးအမိန့်ဟာ ဘာသာရေး လွတ်လပ်ခွင့်ကို တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တာနာကာက“တရားမျှတတဲ့ ဒီမိုကရေစီနိုင်ငံနဲ့ တရားဥပဒေ စိုးမိုးအုပ်ချုပ်တဲ့ နိုင်ငံအနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ ကျနော်တို့က အဆုံးထိ တိုက်ပွဲဝင်သွားမှာပါ” လို့ တိုကျိုမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

စည်းလုံးညီညွတ်ရေး အသင်းတော်ကို ဖျက်သိမ်းရေးအမိန့်ကို မတ် ၂၅ ရက်မှာ တိုကျိုခရိုင်တရားရုံးက ချမှတ်ခဲ့တာပါ။

ဒီအမိန့်ကို ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားပြီး ခရစ်ယာန် သာသနာပြုတွေရဲ့ အလှူငွေတွေ အလွန်အကျွံရှာတဲ့ အလေ့အကျင့်အတွက် ဘုရားကျောင်းကို စုံစမ်းစစ်ဆေးအပြီး အစိုးရရဲ့ တောင်းဆိုချက်အရ ခုလို ဖျက်သိမ်းမိန့်ကို ထုတ်ပြန်ခဲ့တာပါ။

တရားရုံးအမိန့်ဟာ အဖွဲ့ရဲ့ အခွန်ကင်းလွတ်ခွင့်တွေကို ရုပ်သိမ်းပြီး ပိုကြီးတဲ့ ဘဏ္ဍာရေးဆိုင်ရာ စိစစ်မှုနဲ့ အလားအလာရှိတဲ့ တရားစွဲမှုတွေအထိ လမ်းဖွင့်ပေးမှာ ဖြစ်ပါတယ်။

အသင်းတော်နဲ့ ဆက်နွှယ်တယ်လို့ စွပ်စွဲခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်းကို ဒေါသထွက်နေတဲ့ အမျိုးသားတယောက်က ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ဝန်ကြီးချုပ်အာဘေးကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီးတဲ့နောက် ဒီအဖွဲ့အစည်းဟာ မီးမောင်းထိုးပြခံရသလို ဖြစ်ခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013