DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး KNDF ထံ အလင်းဝင်
DVB
·
March 28, 2025
စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး KNDF ထံ အလင်းဝင်
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်မှာရှိတဲ့ အမှတ် ၆ ဗျူဟာအတွင်းက KNDF တပ်ရင်း ၅ တာဝန်ယူထားတဲ့ ရှေ့တန်းတနေရာမှာ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တယောက်နဲ့ ပြည်သူ့စစ်မှုထမ်း  ၃ ယောက်တို့ တပ်ရင်း ၅ ဆီမှာ အလင်းဝင်လာခဲ့တယ်လို့ မတ် ၂၇ ရက်က ထုတ်ပြန်ပါတယ်။

တပ်သား ၄ ယောက်က မတ် ၂၆ ရက်မှာ စစ်ကောင်စီတပ်ဆီကနေ ထွက်ပြေးလာခဲ့ပြီး MA 1 သေနတ်တလက်ကိုလည်း ယူဆောင်ကာ ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ ဆိုပါတယ်။

KNDF တပ်ရင်း ၅ တာဝန်ရှိသူက “ပစ တွေက အပတ်စဥ် ၅ နဲ့ ၆ ကပါ။ စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်ရှိနေတဲ့ တပ်သားတိုင်း ပြည်သူလူထုကို မျက်နှာမူပြီး မိမိတို့နဲ့အတူ လာရောက်ပူးပေါင်းဖို့ ပြောကြားချင်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ တပ်သားစုဆောင်းမှုကြောင့် စစ်သင်တန်းကို ရောက်နေရပြီး သင်တန်းပို့ချချိန် ထွက်ပြေးဖို့ ကြိုးစားပေမဲ့ မအောင်မြင်ဘဲ ရှေ့တန်းထိ ရောက်လာခဲ့ရာကနေ မတ် ၂၆ ရက်မှာတော့ ထွက်ပြေးလွတ်မြောက်လာတယ်လို့ သိရပါတယ်။

တော်လှန်ရေးကာလ ၄ နှစ်ကျော်အကြာမှာ စစ်ကောင်စီတပ်က တပ်သားအင်အား ချည့်နဲ့လာတဲ့အတွက် ပေါ်တာဆွဲတာ၊ မဲဖောက်ပြီး စစ်မှုထမ်းခိုင်းတာတွေအပြင် တအိမ်တယောက် မဲမနှိုက်မနေရစနစ်နဲ့ တပ်သားစုဆောင်းတာ အပတ်စဥ် ၁၂ အထိ ရှိလာပြီ ဖြစ်ပါတယ်။

ထွက်ပြေးလွတ်မြောက်လာသူ ၄ ယောက်ကို လုံခြုံတဲ့နေရာမှာ ရွှေ့ပြောင်းပေးထားပြီး စောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။

မတ်လထဲမှာ ကရင်နီနဲ့ ရှမ်းပြည်ရဲ့ စစ်မျက်နှာပြင်ကနေ တပ်ရင်းအသီးသီးကို ဘက်ပြောင်းခိုလှုံလာတဲ့သူတွေလည်း အများအပြားရှိနေပြီး ကရင်နီပြည် အမျိုးသားများကာကွယ်ရေးတပ် (KNDF) ဆီမှာ အလင်းဝင်လာသူ အယောက် ၁၀၀ ကျော်ထိ ရှိတယ်လို့ တပ်ရင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013