DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် စစ်ကောင်စီတပ်သား  ၂ ဦး လက်နက်နှင့် အလင်းဝင်
DVB
·
March 27, 2025
ရေးမြို့နယ်တွင် စစ်ကောင်စီတပ်သား  ၂ ဦး လက်နက်နှင့် အလင်းဝင်
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ် ရှေ့တန်းတနေရာမှ စစ်ကောင်စီတပ်လက်အောက်ခံ စစ်မှုထမ်းတပ်သား ၂ ယောက်က ပြည်သူ့ကာကွယ်ရေး ဒေါနတပ်ရင်း၊ ဗျူဟာ ၃၃ တပ်ရင်းနယ်မြေအတွင်းကို လက်နက်ခဲယမ်းနဲ့ အတူ ဘက်ပြောင်းခိုလှုံလာတယ်လို့ ဒေါနတပ်ရင်းက ပြောပါတယ်။

အဆိုပါ တပ်သား ၂ ယောက်ဟာ တနင်္သာရီမြို့၊ ကမ္မလိုင်ရွာ အခြေစိုက် ၅၅၈ တပ်ရင်းက တဆင့် မွန်ပြည်နယ်၊ ရေးမြို့ရဲ့ ရှေ့တန်းတနေရာကို ပို့ဆောင်ခံခဲ့ရပြီးနောက် မတ် ၂၅ ရက်မှာ အခုလို ဘက်ပြောင်းခိုလှုံလာတာဖြစ်တယ်လို့ ဒေါနတပ်ရင်းရဲ့ တပ်ရင်းမှူးက ပြောပါတယ်။

အခုလို ဘက်ပြောင်းခိုလှုံလာသူတွေဟာ အသက် ၂၇ နှစ်အရွယ် တနင်္သာရီတိုင်း မြိတ်မြို့ခံတယောက်နဲ့ အသက် ၂၆ နှစ်အရွယ် ပဲခူးတိုင်း၊ ပြည်ဒေသခံတယောက်တို့ ဖြစ်ပြီး စစ်မှုထမ်းအပတ်စဉ် ၅ နဲ့ ၆ တွေမှာ စုဆောင်းခံခဲ့သူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီလို စစ်မှုထမ်းအဖြစ် စုဆောင်းခံရပြီးတဲ့နောက် တနင်္သာရီတိုင်း၊ ပလောက်မြို့နဲ့ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှာရှိတဲ့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွေမှာ သင်တန်းတက်ရောက်ခဲ့တာလို့  သိရပါတယ်။

ဒေါနတပ်ရင်းရဲ့ တပ်ရင်းမှူးက “ဘိတ်(မြိတ်)က တယောက်ကတော့ မသန်စွမ်း သူ့ညီက စစ်မှုထမ်းမဲပေါက်ရာကနေ ကိုယ်စားဝင်လိုက်ရတယ်။ ပြည်ကတယောက်ကျတော့ နွားကျောင်းနေရင်းနဲ့ အဓမ္မ စုဆောင်းခံရတာပေါ့။ အသေးစိတ်ကိုတော့ မေးမြန်းနေဆဲပါ” လို့ ပြောပါတယ်။

ဘက်ပြောင်းခိုလှုံလာသူ ၂ ယောက်နဲ့အတူ MA1 တလက်၊ MA 2 တလက်၊ ကျည်ဘောက် ၆ ခု၊ ကျည်တောင့် ၁၉၅ တောင့်၊ ပို့ကျည် ၅ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ နင်းမိုင်း ၂ လုံး၊ vest ၂ ထည်နဲ့ အီနာဂါ ၃ လုံးတို့ကိုပါ ယူဆောင်လာခဲ့တယ်လို့ ဒေါနတပ်ရင်းထံက သိရပါတယ်။

ဒေါနတပ်ရင်းရဲ့ တပ်ရင်းမှူး ရဲဘော်ရန်နိုင်က “လက်ရှိကတော့ သူတို့ကို နေရာတခုမှာ စီစဉ်ထားပေးတယ်။ သူတို့ဘာလုပ်ချင်လဲ မေးကြည့်တော့ သူတို့ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အတူပူးပေါင်းပြီးတော့ ပြန်တိုက်မယ်လို့ ဆန္ဒပြုထားတယ်” လို့ ပြောပါတယ်။

အခု ၂၀၂၅ ခုနှစ် သုံးလအတွင်းမှာပဲ စစ်ကောင်စီဘက်ကနေ ဒေါနတပ်ရင်းကို ဘက်ပြောင်းခိုလှုံသူ အယောက် ၂၀ ထက်မနည်း ရှိထားပြီဖြစ်တယ်လို့ ဒေါနတပ်ရင်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013