
ဘရာဇီးအသင်းဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် ရည်မှန်းပြီး နည်းပြအန်စလော့တီကို ခေါ်ယူခန့်အပ်ဖို့ ကြိုးပမ်းနေပါတယ်။
ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဟာ ရီးရဲလ်မက်ဒရစ်နည်းပြကို ပြီးခဲ့တဲ့နှစ်တွေကတည်းက ခေါ်ယူခန့်အပ်ဖို့ ကြိုးပမ်းခဲ့ပြီး လက်ရှိအချိန်မှာ ဆွေးနွေးမှုတွေပြန်လည် စတင်ဖို့ လုပ်ဆောင်လာခဲ့တာပါ။
ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အဓိကပြိုင်ဘက် အာဂျင်တီးနားကို ၄ ဂိုး ၁ ဂိုးနဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက်မှာ နည်းပြအန်စလော့တီကို တာဝန်ပေးအပ်ဖို့ ကြိုးပမ်းလာခဲ့တာလို့ The Athletic သတင်းစာက ဖော်ပြပါတယ်။
အန်စလော့တီဟာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေတာကြောင့် ကမ္ဘာ့ဖလားမတိုင်ခင် ခေါ်ယူနိုင်မယ်လို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကယုံကြည်နေပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းမှာ ဘရာဇီးကစားသမားတွေဖြစ်တဲ့ ဗင်နီဆီးယက်စ်၊ ရိုဒရီဂို၊ မီလီတာအို၊ အန်ဒရစ်တို့လည်း ရှိနေတာကြောင့် နည်းပြအန်စလော့တီအနေနဲ့ ဘရာဇီးအသင်းကို အောင်မြင်မှု ရယူပေးနိုင်လိမ့်မယ်လို့ ခန့်မှန်းသုံးသပ်ကြပါတယ်။
Photo-Reuters