DVB Logo
Home
အားကစား
၂၀၂၆ ကမ္ဘာ့ဖလားအတွက် နည်းပြအန်စလော့တီကို ခန့်အပ်ရန် ဘရာဇီးအသင်းကြိုးပမ်း
DVB
·
March 27, 2025
၂၀၂၆ ကမ္ဘာ့ဖလားအတွက် နည်းပြအန်စလော့တီကို ခန့်အပ်ရန် ဘရာဇီးအသင်းကြိုးပမ်း
Donate to DVB

ဘရာဇီးအသင်းဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် ရည်မှန်းပြီး နည်းပြအန်စလော့တီကို ခေါ်ယူခန့်အပ်ဖို့ ကြိုးပမ်းနေပါတယ်။

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဟာ ရီးရဲလ်မက်ဒရစ်နည်းပြကို ပြီးခဲ့တဲ့နှစ်တွေကတည်းက ခေါ်ယူခန့်အပ်ဖို့ ကြိုးပမ်းခဲ့ပြီး လက်ရှိအချိန်မှာ ဆွေးနွေးမှုတွေပြန်လည် စတင်ဖို့ လုပ်ဆောင်လာခဲ့တာပါ။

ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အဓိကပြိုင်ဘက် အာဂျင်တီးနားကို ၄ ဂိုး ၁ ဂိုးနဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက်မှာ နည်းပြအန်စလော့တီကို တာဝန်ပေးအပ်ဖို့  ကြိုးပမ်းလာခဲ့တာလို့  The Athletic သတင်းစာက ဖော်ပြပါတယ်။

အန်စလော့တီဟာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ကို ရောက်ရှိနေတာကြောင့် ကမ္ဘာ့ဖလားမတိုင်ခင် ခေါ်ယူနိုင်မယ်လို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကယုံကြည်နေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ ဘရာဇီးကစားသမားတွေဖြစ်တဲ့ ဗင်နီဆီးယက်စ်၊ ရိုဒရီဂို၊ မီလီတာအို၊ အန်ဒရစ်တို့လည်း ရှိနေတာကြောင့်  နည်းပြအန်စလော့တီအနေနဲ့ ဘရာဇီးအသင်းကို အောင်မြင်မှု ရယူပေးနိုင်လိမ့်မယ်လို့ ခန့်မှန်းသုံးသပ်ကြပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013