
ဘရာဇီးလက်ရွေးစင်အသင်းနည်းပြအဖြစ်ခန့်အပ်ခဲ့ရပေမဲ့ မပျော်ရွှင်နိုင်သေးကြောင်း နည်းပြ အန်စလော့တီက ပြောသွားပါတယ်။
အီတလီနည်းပြဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ မထွက်ခွါခင်မှာပဲ ဘရာဇီးအသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ပြီး ဘရာဇီးဘောလုံးအဖွဲချုပ်ဘက်က နည်းပြအန်စလော့တီကို တရားဝင်ထုတ်ပြန် ကြေညာခဲ့တာပါ။
ရီးရဲလ်မက်ဒရစ်အသင်းအပေါ် အများကြီး လေးစားမှုရှိတာကြောင့် နောက်ဆုံးအချိန်အထိ တခြားအသင်းနဲ့ ပတ်သက်တွေကို ပြောဆိုသွားမှာမဟုတ်ကြောင်း၊ ဒီနေ့လို သတင်းစာရှင်းလင်းပွဲသာ မရှိဘူးဆိုရင် ပျော်ရွှင်စရာ နေ့တနေ့ဖြစ်လာနိုင်ပေမဲ့ မဖြေရှင်းချင်တာတွေကို ဖြေရှင်းနေရတဲ့အပေါ် ပျော်ရွှင်မှု မရှိကြောင်း နည်းပြအန်စလော့တီက ပြောပါတယ်။
ဘရာဇီးနည်းပြချုပ်အဖြစ် တာဝန်ယူမယ့်သတင်းကိုတော့ ရီးရဲလ်မက်ဒရစ်အသင်းက အဆင်ပြေ သင့်တော်တဲ့အချိန်မှာ ထုတ်ပြန်ပေးမှာဖြစ်ကြောင်းနဲ့ အဲဒီထက်ပိုပြီး နောက်ထပ် မဖြေကြားချင်တော့ကြောင့် နည်းပြအန်စလော့တီက မီဒီယာတွေကို ပြောသွားပါတယ်။
Photo: Reuters