DVB Logo
Home
နိုင်ငံတကာ
အာဂျင်တီးနားတွင် အာဏာရှင်စနစ်၏ ဓားစာခံများကို အမှတ်ရရန် စုရုံးချီတက် 
DVB
·
March 26, 2025
အာဂျင်တီးနားတွင် အာဏာရှင်စနစ်၏ ဓားစာခံများကို အမှတ်ရရန် စုရုံးချီတက် 
Donate to DVB

အာဂျင်တီးနားနိုင်ငံရဲ့ သမိုင်းမှာ အမှောင်မိုက်ဆုံး ကာလတွေထဲက တခုဖြစ်တဲ့ နောက်ဆုံး စစ်အာဏာသိမ်းမှု စတင်ချိန်ကစပြီး ၄၉ နှစ်မြောက် အထိမ်းအမှတ်အဖြစ်  မတ် ၂၄ ရက်မှာ နိုင်ငံတဝန်း ပြည်သူတွေ စုဝေးချီတက်ခဲ့ပါတယ်။

အဓိက ဆန္ဒပြပွဲတွေကို မြို့တော် ဗြူနိုအေးရီစ်က အထင်ကရ ကာဆာရိုစာဒါ သမ္မတ နန်းတော်ရှေ့မှာ လူထောင်ပေါင်းများစွာက ပါဝင်ဆင်နွှဲခဲ့ပါတယ်။

ဒီပွဲတွေကို ပျောက်ဆုံးသွားတဲ့ ဓားစာခံတွေရဲ့ အဘွားတွေ အမေတွေက ဦးဆောင်ခဲ့ပါတယ်။ အုပ်စုတွေ၊ သမဂ္ဂတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ အာဂျင်တီးနားပြည်သူ မိသားစုတွေ လည်း ပူးပေါင်းခဲ့ကြပါတယ်။

၁၉၇၆ ကနေ ၁၉၈၃ အထိ ၈ နှစ်နီးပါး ကြာမြင့်ခဲ့တဲ့ အာဏာရှင်စနစ်အတွင်း ပျောက်ဆုံးမှု၊ ဖိနှိပ်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် အချိန်နဲ့အမျှ ပြစ်တင်ရှုတ်ချခံခဲ့ရသလို စုံစမ်းစစ်ဆေး ခံနေရဆဲပါ။

ပြည်သူတွေက နာကျင်ခံစားရမှုကို အမှတ်ရနေပါတယ်။ ဒီကာလအတွင်း လူပေါင်း ၃၀,၀၀၀ လောက်ဟာ ပြန်ပေးဆွဲခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း ခံခဲ့ရတယ်လို့ အဖွဲ့အစည်းအသီးသီးက ခန့်မှန်းကြပါတယ်။

၁၉၇၆ ခုနှစ်ကနေ ၁၉၈၃ ခုနှစ်အကြား စစ်ရေးနဲ့ ပြောက်ကျားလှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ နိုင်ငံတော် ထောက်လှမ်းရေး အတွင်းရေးမှူးချုပ်ရုံး (SIDE) က ထိန်းသိမ်းထားတဲ့ ဖိုင်တွေကို အမျိုးအစားခွဲဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ မန်နျူယယ် အဒေါ်နီက တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013