DVB Logo
Home
နိုင်ငံတကာ
ဆူဒန်စစ်တပ်က မြို့တော် ခါတွန်မ်မှာ သမ္မတနန်းတော်နှင့် ဗဟိုဘဏ်ကို ပြန်သိမ်း
DVB
·
March 26, 2025
ဆူဒန်စစ်တပ်က မြို့တော် ခါတွန်မ်မှာ သမ္မတနန်းတော်နှင့် ဗဟိုဘဏ်ကို ပြန်သိမ်း
Donate to DVB

ဆူဒန်နိုင်ငံ ကွဲထွက်ဖို့ ခြိမ်းခြောက်နေတဲ့ ပြိုင်ဘက် လက်နက်ကိုင်အဖွဲ့ကြား ၂ နှစ်ကြာ ပဋိပက္ခအတွင်း အဓိကအနေနဲ့ သမ္မတ နန်းတော်ကို စစ်တပ်က သိမ်းယူပြီးတဲ့နောက် မတ် ၂၄ ရက်မှာ ဆူဒန် လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက ခါတွမ်မြို့လယ်မှာ အောင်ပွဲခံခဲ့ကြပါတယ်။

ဆူဒန်စစ်တပ်က ခံစစ်ကစားနေတာ ကြာခဲ့ပြီဖြစ်ပေမဲ့ မကြာသေးမီကမှ နယ်မြေတွေ ပြန်ရလာခဲ့ပြီး နိုင်ငံအလယ်ပိုင်းက နယ်မြေကို အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) ဆီကနေ ပြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

RSF က ပြန်ဆုတ်ခွာသွားပြီလို့ စစ်တပ်က ဒုဗိုလ် တဦးက အတည်ပြုပြီး နန်းတော်ကို စစ်တပ်က အပြည့်အဝ ထိန်းချုပ်ထားပြီလို့ ပြောပါတယ်။

စစ်တပ်က ကြေညာပြီး နာရီပိုင်းအကြာမှာ RSF က နန်းတော်အနီး တဝိုက်မှာ သူတို့ ကျန်နေသေးပြီး တွန်းလှန်စစ်အတွင်း စစ်သားဒါဇင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့ မတ် ၂၁ရက်မှာ ပြောခဲ့ပါတယ်။

ဆူဒန်စစ်တပ်ဟာ ဗဟိုဘဏ်ရဲ့ အဓိက ဌာနချုပ်ကို သိမ်းပိုက်လိုက်ပြီလို့ စစ်ဘက် သတင်းရင်းမြစ်  ၂ ခုက မတ် ၂၂ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

မြို့တော်မှာ ပြိုင်ဘက် အရန်အမြန် ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) ကို စစ်တပ်က  အရှိန်မြှင့် ထိုးစစ်ဆင်နေလို့ သမ္မတနင်္နးတော်ကို သိမ်းအပြီး နောက်နေ့မှာ ဗဟိုဘဏ်ကို သိမ်းတာလည်း ဖြစ်ပါတယ်။

RSF ဟာ နိုင်ငံအနောက်ပိုင်းမှာ စုစည်းထိန်းချုပ်ထားပြီး၊ တိုက်ပွဲလမ်းကြောင်းတွေ တင်းမာလာနေလို့ ဆူဒန်နိုင်ငံဟာ လက်တွေ့အရ အကွဲအပြဲဆီ ရွေ့နေတာပါ။

RSFက ကျယ်ပြန့်တဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရယူနိုင်ဖို့ မမျှော်လင့်ထားပေမဲ့ သူထိန်းချုပ် ထားတဲ့ နယ်မြေတွေမှာ စင်ပြိုင်အစိုးရ တရပ်ကို RSF က ထူထောင်နေပါတယ်။

Source: Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013