DVB Logo
Home
နိုင်ငံတကာ
ဗင်နီဇွဲလားရေနံ ဝယ်ယူသည့် နိုင်ငံများကို အခွန်ထပ်စည်းကြပ်မည်ဟု ထရမ့်ပ် ခြိမ်းခြောက်
DVB
·
March 25, 2025
ဗင်နီဇွဲလားရေနံ ဝယ်ယူသည့် နိုင်ငံများကို အခွန်ထပ်စည်းကြပ်မည်ဟု ထရမ့်ပ် ခြိမ်းခြောက်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဗင်နီဇွဲလားဆီက ရေနံဝယ်ယူတဲ့နိုင်ငံတွေရဲ့  သွင်းကုန်တွေကို​ ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မယ်လို့ ခြိမ်းခြောက်မှုအသစ် ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်ဆီတင်ပို့မယ့် အဲဒီနိုင်ငံတွေရဲ့ ကုန်စည်တွေအပေါ် အခွန်တိုးကောက်မှုကို “ဆင့်ပွားအခွန်” (Secondary Tariff) ဖြစ်တယ်ဆိုပြီး ထရမ့်ပ်က သုံးနှုန်းခဲ့ပါတယ်။

ဒါဟာ ဗင်နီဇွဲလားနိုင်ငံဘက်က အမေရိကန်ပြည်တွင်းထဲကို ရာဇဝတ်ဂိုဏ်းသားတွေ ရည်ရွယ်ချက်ရှိရှိ စေလွှတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် အပါအဝင် အကြောင်းပြချက်များစွာနဲ့ ဒဏ်ခတ်ဖို့အတွက် ရည်ရွယ်တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

တဖက်မှာတော့ ထရမ့်ပ်က သွင်းကုန်ခွန်ကောက်ခံမယ့် သူ့ရဲ့အစီအစဉ်တွေကို လျှော့ပေါ့ပေးနိုင်တယ်လို့ ပြောဆိုခဲ့တဲ့အပြင် “တခြားနိုင်ငံများစွာအတွက် ခဏတာ ရပ်နားပေးနိုင်တဲ့” အကြောင်းပါ အရိပ်အမြွက် ပေးခဲ့ပါတယ်။

ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုတွေကြောင့် မကြာသေးခင်တုန်းက သိသိသာသာ ကျဆင်းသွားတဲ့ အမေရိကန် ရှယ်ယာစျေးကွက်ဟာ ပြီးခဲ့တဲ့တနင်္လာနေ့မှာ အနည်းငယ် ဦးပြန်မော့လာသလို ရေနံဈေးတွေလည်း ၁ ရာခိုင်နှုန်းကျော် တက်လာခဲ့ပါတယ်။

အမေရိကန်ရဲ့ အဓိကရှယ်ယာ အညွှန်းကိန်းတွေဖြစ်တဲ့ S&P 500 က ၁ ဒသမ ၇ ရာခိုင်နှုန်း၊ Dow Jones က ၁ ဒသမ ၂ ရာခိုင်နှုန်းနဲ့ Nasdaq ကတော့ ၂ ဒသမ ၂ ရာခိုင်နှုန်းကို အသီးသီး တက်သွားပါတယ်။

လာမယ့် ဧပြီ ၂ ရက်နေ့မှာလည်း အမေရိကန်ပို့ကုန်တွေအပေါ် ချမှတ်ထားတဲ့ အခွန်အတိုင်း လက်တုံ့ပြန်မယ့် အစီအစဉ်ကို ထရမ့်ပ်က စတင်အကောင်အထည်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

မတ် ၂၄ ရက်မှာတော့ အခွန်ကောက်ခံမှုအသစ်နဲ့ ပတ်သက်ပြီး အိမ်ဖြူတော်က “ဒီ့ထက်ညင်သာတဲ့” ပုံစံမျိုးနဲ့ သတ်မှတ်နှုန်းထားကို ပြန်လျှော့ပေးမယ့်သဘောမျိုး ပြသခဲ့ပြန်ပါတယ်။

အခုလိုမျိုး ဗင်နီဇွဲလားအပေါ် နောက်ဆုံးခြိမ်းခြောက်မှုဟာ လက်တင်အမေရိကနိုင်ငံရဲ့ ရေနံဝယ်ယူသူတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ စပိန်လိုမျိုး နိုင်ငံတွေအတွက်ပါ ဖိအားမြင့်တက်စေနိုင်တယ်လို့ ရှုမြင်ထားကြပါတယ်။

အမေရိကန်နဲ့ တရုတ်ဟာ ဗင်နီဇွဲလားအတွက် အဓိကရေနံဖောက်သည်နိုင်ငံတွေ ဖြစ်ပေမဲ့လည်း ပေကျင်းကတော့ မှီခိုမှုနည်းပါးပြီး ပြီးခဲ့တဲ့နှစ်မှာ တရက်ကို ရေနံစည်ပေါင်း ၁၁ သန်းကျော်သာ ဝယ်ယူခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်အတွက် ဒုတိယအကြီးဆုံး ရေနံကုမ္ပဏီဖြစ်တဲ့ Chevron ကို ဝါရှင်တန်ရဲ့  စီးပွားရေးပိတ်ဆို့မှုတွေကနေ ၂ လ ကင်းလွတ်ခွင့် ထပ်ပေးထားတာကြောင့် အခုလိုမျိုး ရေနံစိမ်းဝယ်ယူမှု များပြားနေတာ ဖြစ်ပါတယ်။

ထရမ့်ပ် သမ္မတတာဝန်စယူပြီးချိန်ကတည်းက အငြင်းပွားဖွယ်ရာ ကိစ္စရပ်မျိုးစုံမှာ အသာစီးရရှိစေဖို့အတွက် အခွန်စည်းကြပ်မှုနဲ့ ခြိမ်းခြောက်မှုတွေကို အကြိမ်ကြိမ်သုံးပြီး ဖိအားပေးလေ့ ရှိပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013