DVB Logo
Home
မြန်မာသတင်း
နှမ်းခါးရွာ CDM ဆရာဝန်မိသားစု သေဆုံးမှုအတွက် ဝမ်းနည်းခြင်းသပိတ်ပြုလုပ်
DVB
·
March 25, 2025
နှမ်းခါးရွာ CDM ဆရာဝန်မိသားစု သေဆုံးမှုအတွက် ဝမ်းနည်းခြင်းသပိတ်ပြုလုပ်
1 / 5
Donate to DVB

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ CDM ဆရာဝန် ဒေါက်တာမြစိုးအောင်တို့ မိသားစုနဲ့ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြောပါတယ်။

မတ် ၂၄ ရက်နေ့ညက ကလေးမြို့ပေါ်တနေရာမှာ “DNA က မျိုးရိုးကို စစ်တာ၊ CDM က သခင်သွေးလား ကျွန်သွေးလားစစ်တာ၊ နွေဦးတော်လှန်ရေးအတွင်း မြင့်မြတ်စွာ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအား အလေးပြုပါ၏” စတဲ့ ဘန်နာစာတွေနဲ့အတူ မီးထွန်းဆုတောင်းပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြလုပ်ခဲ့ကြတာပါ။

စစ်ကောင်စီရဲ့လုံခြုံရေးတင်းကျပ်ထားတဲ့ကြားကပဲ မြို့ပေါ်မှာ CDM ဆရာဝန်မိသာစု ကျဆုံးမှုအတွက် ဝမ်းနည်းခြင်းလှုပ်ရှားမှု ပြုလုပ်ခဲ့တာလို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ အဖွဲ့ဝင်တယောက်က ပြောပါတယ်။

ဒေါက်တာမြစိုးအောင် တို့ မိသားစုရဲ့ ရက်လည်တရားနာကိုတော့ မတ် ၂၆ ရက်မှာ ဇနီးဖြစ်သူမခိုင်နှင်း‌ဝေရဲ့နေအိမ်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

မတ် ၂၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီက မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာက ဆေးပေးခန်းကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဆေးကုသပေးနေတဲ့ ‌CDM ဆရာဝန်ဒေါက်တာမြစိုးအောင်တို့ မိသားစုအပါအဝင် ဒေသခံ ၁၁ ယောက်သေဆုံးခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013