DVB Logo
Home
နိုင်ငံတကာ
Snow White ရုပ်ရှင်  မြောက်အမေရိက ရုံတင်ဝင်ငွေ ထိပ်ဆုံးရောက်
DVB
·
March 25, 2025
Snow White ရုပ်ရှင်  မြောက်အမေရိက ရုံတင်ဝင်ငွေ ထိပ်ဆုံးရောက်
Donate to DVB

လူသားသရုပ်ဆောင်တွေနဲ့ Live-Action ပြန်လည်ရိုက်ကူးထားတဲ့ Disney ရဲ့ Snow White ရုပ်ရှင်အသစ်က မြောက်အမေရိကရဲ့  ရုံတင်ဝင်ငွေစာရင်းမှာ ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ပါတယ်။

ကမ္ဘာတဝန်း ပထမဆုံးရုံတင်တဲ့ တပတ်တာအတွင်း ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်နေရပေမဲ့ အဲဒီရုပ်ရှင်ဟာ ဒေါ်လာ ၈၇ ဒသမ ၃ သန်းရရှိခဲ့တယ်ဆိုပြီး ခန့်မှန်းထားပါတယ်။

အဲဒီပမာဏရဲ့ ထက်ဝက်နီးပါးကို မြောက်အမေရိကနေသာ ရရှိခဲ့တာကြောင့် ဒေါ်လာ သန်း ၂၇၀ ကျော် အကုန်ကျခံရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားကြီးအတွက် ‘မှန်းချက်နဲ့နှမ်းထွက်’ မကိုက်သေးဘူးလို့ ဆိုရမှာပါ။

၁၉၃၇ ခုနှစ်ထွက် အန်နီမေးရှင်း-ဇာတ်ကားကို ဆန်းသစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဟာ သေချာပေါက်အကြီးအကျယ် အောင်မြင်မယ်လို့ မျှော်မှန်းခဲ့ပေမဲ့ အငြင်ပွားဖွယ်ဖြစ်ရပ် မျိုးစုံနဲ့ ကြုံတွေ့နေပါတယ်။

အဲဒီထဲမှာ ကိုလံဘီယာနွယ်ဖွား ရေချယ်ဇစ်ဂလာကို အဓိကဇာတ်ကောင်အဖြစ် ရွေးချယ်တာမျိုးအပါအဝင် လူပုလေးတွေနေရာက လူအစစ် ဒါမှမဟုတ် CGI သာ သုံးသင့်တယ်ဆိုတာမျိုး ငြင်းခုန်ခဲ့ကြပါတယ်။

အဲဒီနောက် စနိုး၀ှိုက်တဖြစ် ဇစ်ဂလာရဲ့  ပါလက်စတိုင်းဘက်က ရပ်တည်တဲ့မှတ်ချက်တွေနဲ့  မိထွေးဖြစ်သူနေရာ သရုပ်ဆောင်ထားတဲ့ အစ္စရေးမင်းသမီး ဂဲလ်ဂဒေါ့ရဲ့ မိမိနိုင်ငံကိုသာ ထောက်ခံကြောင်း ပြောဆိုချက်ကြောင့် အခုလိုမျိုး ဂယက်ရိုက်ခဲ့တာပါ။

စနိုးဝှိုက် ရုပ်ရှင်ဟာ တရုတ်ပြည်မကြီးရဲ့  ဝင်ငွေအများဆုံး ၅ ကားစာရင်းထဲမှာ ပါဝင်ခြင်းမရှိသလို လောလောဆယ်အထိ လူဦးရေ ၁ ဒသမ ၄ ဘီလီယံကျော်ရှိတဲ့ ဒီနိုင်ငံမှာ ဒေါ်လာ ၁ သန်းအောက်သာ ရရှိထားပါတယ်။

ဖျော်ဖြေရေးလုပ်ငန်းဆိုင်ရာ အကြံပေးဖြစ်သူ ပက်ထရစ်ခ် ဖရေတာကတော့​ “အငြင်းပွားမှုများစွာဟာ ရုပ်ရှင်ရဲ့ ဆွဲဆောင်နိုင်စွမ်းကို လျော့နည်းသွားစေတဲ့ သံသယမျိုးရှိပါတယ်” ဆိုပြီး မှတ်ချက်ပြုပါတယ်။

အခုလိုမျိုး ရုပ်ရှင်သုံးသပ်ချက်တွေ စုစည်းပေးထားရာ Rotten Tomatoes ဝက်ဘ်ဆိုက်ဒ်မှာဆိုရင် စနိုး၀ှိုက် ရုပ်ရှင်ဟာ ဝေဖန်သုံးသပ်သူတွေရဲ့  အဆင့်ပေးသတ်မှတ်မှု ၄၄ ရာခိုင်နှုန်းသာ ရထားပေမဲ့ ပရိသတ်ရဲ့ တုံ့ပြန်မှုဖြစ်တဲ့ “Popcorno meter” မှာတော့ ၇၃ ရာခိုင်နှုန်း အထိရှိတာ တွေ့ရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013