DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ငါးရှဉ့်ဈေး ကျဆင်းနေသဖြင့် လုပ်ငန်းလုပ်ကိုင်သူများ အခက်ကြုံ
DVB
·
March 25, 2025
ဧရာဝတီတိုင်းတွင် ငါးရှဉ့်ဈေး ကျဆင်းနေသဖြင့် လုပ်ငန်းလုပ်ကိုင်သူများ အခက်ကြုံ
Donate to DVB

ဧရာဝတီတိုင်းက ဒေသထွက်ကုန် ငါးရှဉ့်တွေ ဈေးကျဆင်းနေတာကြောင့် ငါးရှဉ့်လုပ်ငန်း လုပ်ကိုင်သူတွေ အခက်အခဲဖြစ်ပေါ်နေတယ်လို့ ဧရာဝတီတိုင်း ဒေသခံတွေနဲ့ ရေထွက်ကုန် ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေက ဧရာဝတီတိုင်းမှာ ငါးရှဉ့် ၁ ပိဿာကို ကျပ် ၁၈၅၀၀ အထိ ဈေးရှိခဲ့ပြီး မတ် ဒုတိယ အပတ်မှစတင်ကာ ဒီနေ့အထိ ငါးရှဉ့် ၁ ပိဿာကို ကျပ် ၈၅၀၀ အထိ ဈေးထိုးကျလာတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်း ရေထွက်ကုန်ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင်တယောက်က “ငါးရှဉ့်ဈေး ကျဆင်းသွားတာက ငါးရှဉ့်ကို အဓိကတင်ပို့နေရတဲ့ တရုတ်နိုင်ငံဈေးကွက်က တရုတ်-မြန်မာ နယ်စပ်မှာ ဒေသမတည်မငြိမ် ပြန်ဖြစ်လာတာကြောင့်ပါ။ လုံခြုံရေး အခြေအနေတွေအတွက် မြန်မာနိုင်ငံကနေ တင်ပို့တဲ့ ငါးရှဉ့်တွေ အပါအဝင် တင်ပို့ကုန်တွေကို အကန့်အသတ်နဲ့သာ တင်ပို့ခွင့်ပြုတော့တာကြောင့် ဖြစ်တယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းက ထွက်ရှိတဲ့ ငါးရှဉ့်တွေကို ဒေသငါးရှဉ့် ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက ဝယ်ယူပြီး စနစ်တကျ သန့်စင်ထုပ်ပိုးကာ ရန်ကုန်မြို့ကို တင်ပို့ပြီး ရန်ကုန်မြို့ကနေတဆင့် တရုတ်နိုင်ငံကို တင်ပို့ ရောင်းချနေတာပါ။

ဘိုကလေး ဒေသခံ ငါးရှဉ့်ရှာဖွေသူတယောက်က “ကိုယ်ဝယ်ရတဲ့ ကုန်ပစ္စည်းသာ ဈေးထိုးတက်နေတာ၊ ကိုယ်ရောင်းရမယ့် ကုန်ပစ္စည်းကျတော့ ဈေးကမရှိဘူး။ တနေ့နဲ့တနေ့ ငါးရှဉ့်ဖမ်းဆီးရမိမှု နည်းလာတယ်။ အခု ငါးရှဉ့်ဈေးက မရတော့ တရက်ရှာမှ ငွေ ၃၀၀၀ ဝန်းကျင်လောက်ပဲ ရတော့တယ်။ ဘာလုပ်လုပ် အဆင်မပြေတော့ဘူး” လို့ ပြောပါတယ်။

ငါးရှဉ့်တွေဟာ စပါးပင်နဲ့ စိုက်ခင်းများ မြစ်ရိုး၊ ချောင်းရိုးနဲ့ ရွှံ့နွံ မြေကြီးအောက်မှာ ကျက်စားတတ်ကြပြီး စိုက်ပျိုးမြေတွေမှာ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေး အလွန်အကျွံ သုံးစွဲမှုတွေကြောင့် ငါးရှဉ့်တွေ ရှားလာပြီး ရှာဖွေရရှိမှု နည်းပါးလာတယ်လို့ ငါးရှဉ့်ရှာဖွေသူတွေက ဆိုပါတယ်။

ဒါ့အပြင် ငါးရှဉ့်ဈေးထိုးကျနေတဲ့အတွက် ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေအနေနဲ့ အမြတ်အစွန်းအတွက် နေ့စားခလောက်တောင် ပြန်မရတဲ့အပြင် ရှာဖွေသူတွေအနေနဲ့လည်း လက်ရှိ ၁ ရက်ကို ငါးရှဉ့် ၅၀ သားရဖို့ မနည်းရှာဖွေနေရပြီး အရင်က ၁ ရက်ကို ငါးရှဉ့် တပိဿာကနေ ၃ ပိဿာအထိ ရတတ်ကြတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013