DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့ရေနေ့တွင် မိုးခေါင်မှုအတွက် Greenpeace အဖွဲ့ သတိပေး
DVB
·
March 24, 2025
ကမ္ဘာ့ရေနေ့တွင် မိုးခေါင်မှုအတွက် Greenpeace အဖွဲ့ သတိပေး
Donate to DVB

မိုးကြီးတာနဲ့ တာရှည်မိုးခေါင်တာ အပါအဝင် ပြင်းထန်တဲ့ ရာသီဥတု ဖြစ်ရပ်တွေဟာ ရာသီဥတု ပြောင်းလဲမှုကြောင့် ပိုပြီး မကြာမကြာ ဖြစ်လာနေတယ်လို့ မတ် ၂၂ ရက်မှာ ကျရောက်မယ့် ကမ္ဘာ့ရေနေ့ အထိမ်းအမှတ်အဖြစ် Greenpeace အဖွဲ့က သတိပေးခဲ့ပါတယ်။

စပိန်နိုင်ငံ ဂရန်းကာနာရီယာကျွန်းပေါ်က ကျွန်းရဲ့ ဒုတိယအကြီးဆုံး ရေလှောင်ကန်ဖြစ်တဲ့ လက်စ်နီး ရေလှောင်တမံဟာ အပြင်းအထန် ခြောက်သွေ့နေဆဲဖြစ်ပြီး ပိုဆိုးလာတဲ့ မိုးခေါင်ရေရှားမှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ တိုးလာနေတာပါ။

စပိန်ပြည်မကြီးနဲ့ မတူဘဲ ကာနာရီကျွန်းစုတွေဟာ ထူးခြားတဲ့ ရာသီဥတုနဲ့ ပထဝီဝင် အနေအထား ရှိနေပါတယ်။

မကြာသေးမီက မိုးရွာနေပေမဲ့ စပိန်ရဲ့ ရေအကျပ်အတည်းဟာ အရေးပါတဲ့ ပြဿနာတခုလို့ Greenpeace က ထပ်ပြောပါတယ်။

Greenpeaceရဲ့ ရေလှုပ်ရှားမှုဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဂျူလီယို ဘာရီယာက မိုးသည်းသည်းထန်ထန် ရွာနေပေမဲ့ စပိန်မိုးခေါင်မှုက ယာယီပဲ သက်သာရာရစေတယ်လို့ အလေးအနက် ပြောပါတယ်။

တချိန်တည်းမှာ စပိန်ပြည်မကြီးမှာ မိုးသည်းလို့ ရေကြီးနေတဲ့အတွက် ကာတာမာလို မြို့တွေမှာ ဒေသခံတွေဟာ ရေနစ်မြုပ်နေတဲ့ အိမ်တွေ လမ်းတွေပေါ်မှာ ရုန်းကန်နေရပါတယ်။

ပေါ်တူဂီကုမ္ပဏီ အော်ထရီက အဆိုပြုထားတဲ့ ပျော့ဖတ်စက်ရုံကို စပိန်နိုင်ငံ အနောက်မြောက်ပိုင်းက ရာချီတဲ့လူတွေက မတ် ၂၂ ရက်မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

မုန်တိုင်း မာတီဟိုကြောင့် စပိန်နိုင်ငံမှာ မိုးသက်လေပြင်း တိုက်ခတ်နေတဲ့ကြားမှာ ဆန္ဒပြနေခဲ့ကြတာပါ။

သဘာဝပတ်ဝန်းကျင်အဖွဲ့တွေက အော်ထရီ ပရောဂျက်ကို ဂါလီစီယာအတွက် မကြာသေးမီ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး စက်မှုလုပ်ငန်း အစပျိုးမှုတခုအဖြစ် တံဆိပ်ကပ်ထားပါတယ်။

ပြင်းထန်တဲ့ ရာသီဥတုပုံစံတွေ ဆက်ဖြစ်နေဦးမယ်လို့ ပညာရှင်တွေက သတိပေးထားပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ရေစီမံခန့်ခွဲမှုဟာ နိုင်ငံအတွက် အရေးကြီးတဲ့ ဦးစားပေးလုပ်ငန်းတခု ဖြစ်လာစေခဲ့ပါတယ်။

ရေနေ့ကို ၁၉၉၃ ခုနှစ်ကစပြီး ကုလသမဂ္ဂက နှစ်စဉ် ကျင်းပခဲ့တာပါ။ ကမ္ဘာ့ရေနေ့မှာ ရေချိုရဲ့ အရေးပါမှုကို မီးမောင်းထိုးပြပြီး ဆောင်ပုဒ်အသစ်ကို ကုလသမဂ္ဂရဲ့ ရေနဲ့ ရေဆိုးနုတ်စနစ်ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ယန္တရားဖြစ်တဲ့ UN-Water က နှစ်စဉ် ရွေးချယ်နေပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013