DVB Logo
Home
မြန်မာသတင်း
နတ်မြစ်တွင် စက်လှေ ၁ စီး နစ်မြုပ်ပြီး ရိုဟင်ဂျာ ၁၀ ဦးနှင့် BGB တပ်ဖွဲ့ဝင် ၁ ဦး ပျောက်ဆုံးနေ
DVB
·
March 24, 2025
နတ်မြစ်တွင် စက်လှေ ၁ စီး နစ်မြုပ်ပြီး ရိုဟင်ဂျာ ၁၀ ဦးနှင့် BGB တပ်ဖွဲ့ဝင် ၁ ဦး ပျောက်ဆုံးနေ
Donate to DVB

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနဖ်မြို့နယ်ဘက်ကို တိမ်းရှောင်လာကြတဲ့ ရိုဟင်ဂျာ စက်လှေတစီးဟာ မတ် ၂၂ ရက် အစောပိုင်းက နတ်မြတ်အတွင်း နစ်မြုပ်ခဲ့ပြီး စက်လှေပေါ် ပါလာတဲ့ ရိုဟင်ဂျာ ၁၀ ယောက်နဲ့ ကယ်ဆယ်ရေးပြုလုပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် (BGB) တပ်ဖွဲ့ဝင်တယောက် ပျောက်ဆုံးတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနတွေမှာ ရေးကြပါတယ်။

မောင်တောမြို့နယ်က ထွက်ခွာလာကြတဲ့ ရိုဟင်ဂျာစက်လှေ တိမ်းမှောက် နစ်မြုပ်တာကို တွေ့ပြီးနောက် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့ တံငါလှေတွေက အရေးပေါ်ကယ်ဆယ်ရေး ပြုလုပ်ခဲ့ကြတာမှာ ရိုဟင်ဂျာ ၂၅ ယောက်ကို အရေးပေါ် ကယ်တင်နိုင်ခဲ့ပေမဲ့ အဲဒီကယ်ဆယ်မှုအတွင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တယောက်နဲ့ ရိုဟင်ဂျာ ၁၀ ယောက် ပျောက်ဆုံးနေတာလို့ တက္ကနဖ်မြို့နယ် အုပ်ချုပ်ရေးမှူး ရှိတ်အာဆန်အူဒင်က အတည်ပြု ပြောပါတယ်။

“ရိုဟင်ဂျာစက်လှေ နစ်မြုပ်မှုမှာ ပျောက်ဆုံးနေတဲ့ ၁၀ ယောက်နဲ့ နယ်ခြားစောင့်ရဲတယောက် ရှိပါတယ်။ အဲဒီအထဲက ရိုဟင်ဂျာ အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၃ ယောက်နဲ့ ကလေးတယောက်ရဲ့ အလောင်းတွေကို ပြန်လည်ဆယ်ယူထားပြီး ဖြစ်တယ်။ ရဲတယောက်နဲ့ ကျန် ၂ ယောက်ရဲ့ အလောင်းတွေကို ရှာဖွေနေတယ်။”

ကယ်ဆယ်ရေးအတွင်း ပျောက်ဆုံးနေတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်မှာ Sepoy Billal Hossain (၃၀ နှစ်) ဖြစ်ပြီး အခင်းဖြစ်ချိန်မှာ ဒီရေတက်ချိန်နဲ့ ညအချိန် ဖြစ်တာကြောင့် ပျောက်ဆုံးခဲ့တာလို့ BGB က ထုတ်ပြန်ထားပါတယ်။

အခု နစ်မြုပ်ခဲ့တဲ့ စက်လှေမှာ ရိုဟင်ဂျာ ၃၅ ယောက် လိုက်ပါလာပြီး မြန်မာနိုင်ငံအတွင်း မငြိမ်သက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာကြတာဖြစ်ကာ Shahporir Dwip အနောက်ဘက်ခြမ်းအနီးမှာ တိမ်းမှောက်ခဲ့တာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

Ref : Daily Sun

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013