Home
အားကစား
နည်းပြ သီယာဂိုမော့တာကို ဂျူဗင်တပ်အသင်း ရာထူးက ထုတ်ပယ်
DVB
·
March 24, 2025
Coppa Italia - Quarter Final - Juventus v Empoli

ဂျူဗင်တပ်အသင်းဟာ နည်းပြချုပ် သီယာဂိုမော့တာကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ပါတယ်။

နောက်ဆုံး စီးရီးအေနှစ်ပွဲမှာ အတ္တလန်တာနဲ့ ဖီအိုရင်တီးနားတို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် အဆင့် ၅ နေရာ ရောက်ရှိသွားတာကြောင့် နည်းပြမော့တာကို ထုတ်ပယ်လိုက်တာပါ။

အသက် ၄၂ နှစ်ရှိ ပီအက်စ်ဂျီနဲ့ အင်တာမီလန် ကစားသမားဟောင်း သီယာဂိုမော့တာဟာ  မနှစ်က ဘိုလော့ညာအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့လာသူပါ။

မော့တာရဲ့နေရာမှာ လာဇီယိုအသင်းကို တာဝန်ယူခဲ့တဲ့ အသင်း လက်ထောက်နည်းပြဟောင်း ဖြစ်သူ အီဂေါ်တူဒေါ်ကို ရာသီကုန်ချိန်အထိ အစားထိုး တာဝန်ပေးခဲ့တာပါ။

ခရိုအေးရှားလူမျိုး နည်းပြသစ် တူဒေါ်ဟာ အူဒီးနိစ်၊ ဗီရိုနာ၊ မာဆေး အသင်းတွေကိုလည်း တာဝန်ယူခဲ့ပြီး ၂၀၂၀ ကနေ ၂၀၂၁ ခုနှစ်အတွင်း ဂျူဗင်တပ် လက်ထောက်နည်းပြတယောက်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024