
အင်္ဂလန်နဲ့ အဲဗာတန်အသင်းရဲ့ အဓိက ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်ဟာ သူ့ရဲ့ ခြေစွမ်းကို ထိန်းသိမ်းဖို့ စိတ်ဓာတ်ရေးရာနဲ့ပတ်သက်လို့ နည်းပြနဲ့ တပတ်ကို ၃ နာရီကြာ Zoom ကနေ ဆွေးနွေးလေ့ ရှိတယ်လို့ ပြောပါတယ်
ပစ်ဖို့ဒ်ဟာ အသင်းရဲ့ လက်ရွေးစင် ဂိုးသမားနေရာကို အကောင်းဆုံး ထိန်းသိမ်းထားချင်တာကြောင့် ခုလို ပြင်ဆင်နေတာ ဖြစ်ပါတယ်။
အရန်ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ် ပွဲထွက်ခွင့် ရရှိခဲ့တာကို စောင့်ကြည့်ခဲ့ပြီးနောက် ပစ်ဖို့ဒ်က အနာဂတ် ရည်မှန်းချက်တွေအကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
သူဟာ အသင်းဖော် ကစားတာကို ကြည့်ရှုရင်း သင်ခန်းစာကောင်းတွေ ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
Photo:Reuters










