
ပေါ်တူဂီလက်ရွေးစင်အသင်းအပေါ် ဂျာနယ်လစ်တွေရဲ့ အဆိုးမြင်မှုရှိနေကြောင်း အသင်းခေါင်းဆောင် စီရော်နယ်ဒိုက ပြောသွားပါတယ်။
ဒိန်းမတ်အသင်းနဲ့ ဒုတိယအကျော့မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ အဆိုးမြင်မှုအပေါ် စီရော်နယ်ဒိုက ထောက်ပြခဲ့တာပါ။
ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ သတင်းစာရှင်းလင်းပွဲတချို့က မေးခွန်းတွေကို ကြည့်မယ်ဆိုရင် သဘောကျစရာ မကောင်းကြောင်း၊ ဂျာနယ်လစ်တချို့ရဲ့ မေးခွန်းတွေဟာလည်း လေးစားမှုမရှိတဲ့ မေးခွန်းတွေဖြစ်ပြီး မိမိကို မေးခွန်းမေးမယ်ဆိုရင် ကွန်ပြူတာမျက်နှာပြင်ကို မကြည့်ဘဲ မျက်လုံးကို တည့်တည့်ကြည့်မေးသင့်ကြောင်း ဂျာနယ်လစ်တယောက်ကို စီရော်နယ်ဒိုက ပြောသွားပါတယ်။
စီရော်နယ်ဒိုဟာ ဒိန်းမတ်နဲ့ ဒုတိယအကျော့မှာ ပွဲချိန်အတွင်း ပင်နယ်တီလွဲချော်ခဲ့ပေမဲ့ အနိုင်ဂိုးတဂိုးသွင်းခဲ့ပြီး အချိန်ပိုမှာ ဒိန်းမတ်ကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ် တက်ရောက်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။