DVB Logo
Home
မြန်မာသတင်း
ခလယ်ဒေး စခန်းသိမ်းတိုက်ပွဲ​ကြောင့် ကရင်ရွာသားများ ထိုင်းဘက်ကို စစ်​ဘေး​ရှောင် 
DVB
·
March 24, 2025
ခလယ်ဒေး စခန်းသိမ်းတိုက်ပွဲ​ကြောင့် ကရင်ရွာသားများ ထိုင်းဘက်ကို စစ်​ဘေး​ရှောင် 
1 / 8
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ စစ်​ကောင်စီတပ်ရဲ့ ခလယ်ဒေးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူး​ပေါင်းတပ်က မတ် ၂၃ ရက်​ မွန်းလွဲပိုင်းမှာ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနေပါတယ်။

တိုက်ပွဲမှာ ကရင်​တော်လှန်​ရေးတပ်တွေဘက်က ခလယ်ဒေး စစ်​ကောင်စီတပ်စခန်းကို သိမ်းပိုက်ရရှိဖို့ ဒရုန်းနဲ့ တိုက်ခိုက်နေသလို စခန်းပတ်ပတ်လည်ကိုလည်း ဝိုင်းထားပါတယ်။

စစ်​ကောင်စီဘက်ကလည်း  YAK 130 ဂျက်တိုက်​လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံးသီး ၂ လုံး နဲ့ ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီစစ်​ကောင်စီတပ်စခန်းဟာ မြန်မာ-ထိုင်းနယ်စပ် ၁ မိုင်သာသာမှာ တည်ရှိ​နေတာကြောင့် ရာနဲ့ချီတဲ့ ဒေသခံပြည်သူ​တွေ တိုက်ပွဲလွတ်​မြောက်ရာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး စစ်ဘေး​ရှောင်နေကြရပါတယ်။

စစ်​ရှောင်ရာမှာ အမျိုးသမီးတွေ၊  ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေပါ ပါဝင်တဲ့အတွက် ထိုင်းစစ်တပ်က လူသားချင်းစာနာတဲ့အနေနဲ့ သောက်ရေနဲ့  အစားအစာတွေ ​ထောက်ပံ့ကူညီ ပေးနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013