DVB Logo
Home
နိုင်ငံတကာ
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း ထရမ့်ပ် ပြော
DVB
·
March 23, 2025
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း ထရမ့်ပ် ပြော
Donate to DVB

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံဖို့ အစီအစဉ်ရှိပြီး ပြည်ပသွင်းကုန်ခွန်နဲ့ပတ်သက်လို့ ဆွေးနွေးမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က အိမ်ဖြူတော်မှာ သတင်းထောက်တယောက်က  တရုတ်ခေါင်းဆောင်နဲ့ တွေ့ဖို့ရှိလားဆိုတဲ့ မေးခွန်းကို ထရမ့်ပ်က တွေ့ဖို့ ရှိတယ်လို့ ပြန်ဖြေခဲ့တာပါ။

ထရမ့်ပ်ဟာ တရုတ် ကုန်စည်တွေအပေါ် အခွန်နှုန်းထားအသစ် တိုးမြှင့်ထားပြီး ဧပြီလ အစောပိုင်းမှာ ခြိမ်းခြောက်မှုတွေ ပိုပြီး လုပ်ဆောင်မှာဖြစ်ပါတယ်။

ထရမ့်ပ်ဟာ ဇန်နဝါရီလက သမ္မတအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ချိန် ကစပြီး တရုတ်ကုန်ပစ္စည်းတွေကို ၂၀  ရာခိုင်နှုန်း အခွန်တိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ပ်ရဲ့ ပြီးခဲ့တဲ့အပတ်တွေက ပြောဆိုမှုတွေက တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးနဲ့ ပတ်သက်လို့ အကောင်းမြင်မှုတွေ ရှိပါတယ်။ ဒါပေမဲ့ ၂ နိုင်ငံ ကုန်သွယ်မှုအခွန် တိုးမြှင့်မှုကစလို့ ထိုင်ဝမ်အရေးအထိ ၂ နိုင်ငံဆက်ဆံရေးက တိုး တက်မှုမရှိသေးပါဘူး။

အမေရိကန်နိုင်ငံရဲ့ အခွန်တိုးမြှင့်သတ်မှတ်မှုကြောင့် တရုတ်နိုင်ငံကလည်း တန်ပြန်အခွန်တိုးမြှင့် ကောက်ခံမှုတွေ ချမှတ်ထားပါတယ်။ ထရမ့်ပ်နဲ့ ရှီကျင့်ဖျင်တို့ရဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံကတော့ မှတ်ချက်ပေးတာမျိုးတော့ မရှိသေးပါဘူး။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013