DVB Logo
Home
အားကစား
ပင်နယ်တီ ကန်သွင်းရာတွင် စံနမူနာပြုခဲ့သည့် ကစားသမားကို ဖာနန်ဒက်စ် ထုတ်ဖော်ပြော
DVB
·
March 23, 2025
ပင်နယ်တီ ကန်သွင်းရာတွင် စံနမူနာပြုခဲ့သည့် ကစားသမားကို ဖာနန်ဒက်စ် ထုတ်ဖော်ပြော
Donate to DVB

ပင်နယ်တီ ကန်သွင်းရာမှာ စံနမူနာပြုခဲ့တဲ့ ကစားသမားကို မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ပြောသွားပါတယ်။

ပေါ်တူဂီကွင်းလယ်လူဟာ မန်ယူအသင်းသမိုင်းတလျှောက် ပင်နယ်တီသွင်းဂိုး အများဆုံး သွင်းယူထားသူ ဖြစ်ပြီး လက်ရှိအချိန်အထိစုစုပေါင်း ပင်နယ်တီကန်သွင်းမှု အကြိမ် ၄၀ မှာ ၃၆ ဂိုးသွင်းယူထားတာပါ။

ပင်နယ်တီကန်သွင်းမှုမှာ အတုယူခဲ့ပြီး တိုးတက်မှုရှိလာစေတဲ့ ကစားသမားက အီတလီတိုက်စစ်မှူး ကွာဂလီရယ်လာဖြစ်ပြီး ၂၀၁၆-၂၀၁၇ ရာသီက ဆမ်ဒိုးရီးယားအသင်းမှာ ကစားစဉ်က အတုယူ စံနမူနာ ပြုခဲ့တာဖြစ်ကြောင်း ဖာနန်ဒက်စ်က ပြောပါတယ်။

ပင်နယ်တီကန်သွင်းသူအများစုဟာ မကန်သွင်းခင်ကတည်းက ဂိုးပေါက်ရဲ့ တဘက်ဘက်ကို ရွေးချယ်ပြီး ကန်သွင်းကြလေ့ရှိကြောင်း၊ ကွာဂလီရယ်လာကတော့ ပြိုင်ဘက်ဂိုးသမားရဲ့ အခြေအနေကို အမြဲတမ်းစောင့်ကြည့်ပြီးမှ ပြင်းထန်တဲ့ ကန်သွင်းမှု ပြုလုပ်တတ်သူဖြစ်ကြောင်း ဖာနန်ဒက်စ်က ပြောပါတယ်။ 

ဂိုးသမားရဲ့အခြေအနေနဲ့ လှုပ်ရှားမှုတွေကို နားလည်ဖို့ ကြိုးစားတဲ့ နည်းစနစ်ကို ကွာဂလီရယ်လာဆီကနေ လေ့လာသင်ယူခဲ့တာဖြစ်ကြောင် ဖာနန်ဒက်စ်က ပြောပါတယ်။

၂၀၂၃ ခုနှစ်က ကစားသမားဘဝကနေ အနားယူခဲ့တဲ့ အီတလီ တိုက်စစ်မှူးဟာ ဂျူဗင်တပ်၊ နာပိုလီ၊ အူဒီးနိစ်၊ ဆမ်ဒိုးရီးယား အစရှိတဲ့ အသင်းတွေမှာ ကစားခဲ့သူဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013