DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေး ၄ နှစ်အတွင်း CDF Hakha ရဲဘော် ၅၀ ကျော်ကျဆုံးပြီး ၁၈၀ ကျော်ဒဏ်ရာရ
DVB
·
March 22, 2025
တော်လှန်ရေး ၄ နှစ်အတွင်း CDF Hakha ရဲဘော် ၅၀ ကျော်ကျဆုံးပြီး ၁၈၀ ကျော်ဒဏ်ရာရ
Donate to DVB

ချင်းပြည်နယ်အတွင်းက Chinland Defense Force Hakha (CDF Hakha) ဟာ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ၄ နှစ်တာကာလအတွင်း ရဲဘော် ၅၀ ကျော် ကျဆုံးခဲ့ပြီး ၁၅၀ ကျော် ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

CDF Hakha ရဲ့ ပြန်ကြားရေးတာဝန်ခံက “အရပ်သားအစိုးရဆီကနေ စစ်တပ်ကအာဏာသိမ်းပြီး ၄ နှစ်အတွင်းမှာ ချင်းပြည်နယ်အတွင်းက စစ်ကောင်စီတပ်တွေကို အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲတွေထဲမှာ ကျနော်တို့ရဲဘော် ၅၂ ဦး တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူခဲ့ပြီးတော့ ဒဏ်ရာရခဲ့တဲ့ ရဲဘော်က ၁၅၃ ဦးရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

Chinland Defense Force Hakha (CDF Hakha) ကို စစ်တပ်ကအာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မတ် ၂၁ ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အခုမတ် ၂၁ ရက်နေ့မှာ တပ်ဖွဲ့တည်ထောင်တာ ၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်​ပါတယ်။

CDF Hakha ရဲ့ ဥက္ကဋ္ဌ ဆလိုင်းဟရမ်လျန် က “ကျနော်တို့ဟာ ဟားခါးမြို့ကိုသိမ်းပိုက်နိုင်ဖို့အတွက်ဆို အသက်ပေးဖို့ဝန်မလေးကြဘူး။ ကျနော်တို့ကို ယုံကြည်ပေးကြပါ။ ဟားခါးမြို့တခုတည်းမဟုတ်ပါဘူး။ ချင်းပြည်နယ်ထဲက နေရာအစုံမှာ စစ်တိုက်ပြီးတော့အသက်တွေပေးနေကြပါတယ်။ စစ်နိုင်ဖို့ဆိုရင် ကြိုတင်ပြင်ဆင်မှုက အင်မတန်မှအရေးကြီးပါတယ်။ ကျာနော်တို့ ချင်းလူမျိုးတွေက ကြိုတင်ပြင်ဆင်ချိန်ကာလမှာ မထောက်ပံ့ကြဘဲ အောင်ပွဲခံတဲ့နေ့ကျမှ စုပုံပြီးပေးတတ်တဲ့ အကျင့်ရှိကြတာဟာ ကျနော်တို့ရဲ့အားနည်းချက်ဖြစ်တယ်လို့ယူဆပါတယ်။ ဒါကြောင့်မို့ ပြင်ဆင်ချိန်ကာလမှာကူညီ ထောက်ပံ့ပေးကြဖို့ တိုက်တွန်းလိုပါတယ်” လို့

တပ်ဖွဲ့တည်ထောင်တဲ့အချိန်ကစပြီး အခု ၄ နှစ်ပြည့်တဲ့အချိန်အထိ ဟားခါးမြို့နယ်အတွင်းမှာ စစ်ကောင်စီစစ်ကြောင်းကို ၁၇ ကြိမ်ကိုတိုက်ခိုက်ခဲ့ပြီးတော့ ဟားခါးမြို့တွင်း စစ်ဆင်ရေးအနေနဲ့က အကြိမ်ရေ ၁၅၀ ဆင်နွှဲနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

စုစုပေါင်း တိုက်ပွဲ ၃၂၆ ပွဲဆင်နွှဲခဲ့ပြီး တခြားမြို့နယ်တွေမှာလည်း စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်တာ ၈ ကြိမ်နဲ့ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေမှာလည်း ၁၂ ကြိမ် ပါဝင်တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

၄ နှစ်တာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့သတ်ဖြတ်မှုကြောင့် ဟားခါးမြို့နယ်ထဲက ပြည်သူ ၂၃ ယောက် သေဆုံးခဲ့ရပြီး လူနေအိမ် ၂၆၀ ဟာလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မတရားသဖြင့်ဖမ်းဆီးခံရတဲ့ ပြည်သူထောင်ချီရှိခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဟားခါးမြို့ကို အခုနှစ်ထဲမှာသိမ်းပိုက်နိုင်ဖို့ ရည်မှန်းထား​ပြီး ချင်းပြည်နယ်ထဲက ဟားခါးမြို့အပါအဝင် ထန်တလန်၊ ဖလမ်းနဲ့ တီးတိန်မြို့မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ကျန်ရှိနေကြသေးတယ်လို့ ဆိုပါတယ်။

Chinland Defense Force Hakha (CDF Hakha) စစ်အာဏာရှင်စနစ်အမြစ်ပြတ်ပြီး  တိုင်းပြည်နဲ့လူမျိုးလွတ်မြောက်ရေးအတွက် တော်လှန်ရေးပြီးဆုံးချိန်အထိ ပြည်သူလူထုနဲ့အပြင် တခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း ဆက်လက်ပူးပေါင်းပါဝင်ပေးကြဖို့ CDF Hakha တည်ထောင်ခြင်း ၄ နှစ်ပြည့်တဲ့ မတ် ၂၁ ရက်နေ့မှာ ထုတ်ပြန်တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013