DVB Logo
Home
မြန်မာသတင်း
တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်း တကိုယ်တော်ရှိုးပွဲ ဆစ်ဒနီ ကဇာတ်ရုံကြီးတွင် ကျင်းပမည်
DVB
·
March 22, 2025
တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်း တကိုယ်တော်ရှိုးပွဲ ဆစ်ဒနီ ကဇာတ်ရုံကြီးတွင် ကျင်းပမည်
Donate to DVB

တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းရဲ့ တကိုယ်တော် ရန်ပုံငွေဂီတဖျော်ဖြေပွဲကို လာမယ့် ဧပြီလထဲမှာ ဩစတေးလျနိုင်ငံ မြို့ကြီး ၂ မြို့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

Phyu Phyu in Australia အမည်နဲ့ ကျင်းပမယ့် ဒီရန်ပုံငွေ ရှိုးပွဲတွေကိုတော့ ဆစ်ဒနီနဲ့ မဲလ်ဘုန်းမြို့တွေမှာ ကျင်းပသွားမှာဖြစ်ပြီး လက်မှတ်တွေကို စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဖြူဖြူကျော်သိန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် ပေါ်ကတဆင့် ခုလိုအသိပေး မျှဝေထားခဲ့တာကို တွေ့ရပါတယ်။

“ဧပြီ ၅ ရက်နေ့မှာ Phyu Phyu in Sydney နဲ့ စဖွင့်ပါမယ်။ Riverside Theatre Parramatta ဆိုတဲ့ လှပတဲ့လူ ၇၅၀ ဆံ့ ကဇာတ်ရုံကြီးမှာ လုပ်မှာဖြစ်ပါတယ်။ ပွဲကြည့်စင် ၃ ထပ် ပါဝင်ပြီး balcony couple seats တွေလည်းပါဝင်တာမို့၊ ကြူးရင်းကြည့်၊ ကြည့်ရင်းကြူး လို့ရပါတယ်တဲ့။ ခု လာမယ့် ကြာသာပတေးနေ့ မတ်လ ၁၃ ရက်နေ့ မနက် ၁၁ နာရီ ( Sydney Time )မှာ လက်မှတ်အရောင်း စဖွင့်မှာပါတဲ့။ ခုံ ၇၅၀ ပဲရှိတာမို့  ဖူးစာကတော့ ဦးရာလူသာ ဖြစ်မှာပါတဲ့။ (အဆိုတော်အစ်မကြီးကတော့ ရောင်းရန်မဟုတ်ပါနော်။) ပွဲစီစဉ်တာကတော့ ထက်မြက်တက်ကြွမိမိုက်တဲ့ အော်ဇီရောက်မြန်မာလူငယ် ကိုကိုမမတွေ ပါဝင်တဲ့ Heart Beams Rising ဆိုတဲ့ လူမှုရေးအဖွဲ့လေး ဖြစ်ပါတယ်ရှင့်။”

ဖြူဖြူကျော်သိန်းဟာ ဒီမတိုင်ခင်ကလည်း လန်ဒန်မှာ တော်လှန်ရန်ပုံငွေဂီတဖျော်ဖြေပွဲ ပြုလုပ်ခဲ့သလို ကိုရီးယားနိုင်ငံမှာလည်း ဖျော်ဖြေခဲ့ပြီး ဖြစ်ပါတယ်။

သူဟာ လုံးဝမသက်ဆိုင်တော့ပါ အမည်ရတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်နဲ့ ဂီတ လောကထဲကို ဝင်ရောက်လာခဲ့ပြီးနောက်ပိုင်းမှာ အတွဲခွေတွေမှာရော၊ တကိုယ်တော် တေးအယ်လ်ဘမ်တွေမှာပါ သီချင်းပေါင်းများစွာနဲ့ သီဆိုအောင်မြင်ခဲ့သူ တယောက် ဖြစ်သလို စစ်အာဏာသိမ်းကာလမှာလည်း ပြည်သူနဲ့ တထပ်တည်းရပ်တည်ပြီး ပါဝင်နေတဲ့ အနုပညာရှင်တယောက်လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013